ရွှေပေါက်ကံစက်မှုဇုန်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ

ရွှေပေါက်ကံစက်မှုဇုန် ကနောင်မင်းသားကြီး လမ်းမှာရှိတဲ့ SHIN SUNG အထည်ချုပ် စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ ရှားပါးစရိတ် တစ်သောင်းခွဲ ရရှိဖို့အတွက် စက်ရုံထဲမှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရွှေပေါက်ကံစက်မှုဇုန်မှာရှိတဲ့ SHIN SUNG အထည်ချုပ်စက်ရုံ ကို တွေ့ရစဉ်

ရွှေပေါက်ကံစက်မှုဇုန် ကနောင်မင်းသားကြီး လမ်းမှာရှိတဲ့ SHIN SUNG အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ ရှားပါးစရိတ် တစ်သောင်းခွဲ ရရှိဖို့အတွက် စက်ရုံထဲမှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ မိမိတို့မှာ နစ်နာမှုတွေ ရှိနေတာကြောင့် ဆန္ဒပြတောင်းဆိုရတာဖြစ်ကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ ကိုကျော်သိန်းဝင်းက ပြောပါတယ်။

"လစာနည်းပါးတာကြောင့် ဒီရှားပါးစရိတ်ကို တောင်း ဆိုတာပါ၊ အများရဲ့ဆန္ဒလည်းဖြစ်တယ်၊ တကယ် လည်း လစာနည်းပါးနေလို့ ကျနော်တို့ဘက်က အဓမ္မတောင်းဆိုတာ မဟုတ်ဘဲနဲ့ တကယ်နစ် နာနေတဲ့အတွက် အလုပ်သမားတွေရတဲ့ဝင်ငွေ နည်းပါးနေတဲ့အတွက် စားဝတ်နေရေး အကျပ်အတည်းကြောင့် တောင်းဆိုနေရခြင်းဖြစ် ပါတယ်"

ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေ ရွှေပေါက်ကံမြို့နယ် အလုပ်သမားရုံးမှာ ဒီနေ့နေ့လည်က ညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရခဲ့တာကြောင့် လာမယ့်တနင်္လာနေ့မှာ ထပ်မံညှိနှိုင်းဖို့ ရက်သတ်မှတ်လိုက်ပါတယ်။

SHIN SUNG အထည်ချုပ် စက်ရုံမှာ အလုပ်သမား ၁၂၀၀ ကျော်ရှိပြီး လုပ်ခလစာ ၆ သောင်းခွဲကနေ ၁ သိန်း ၁ သောင်းအထိ ရရှိနေပါတယ်။

အလားတူ ရွှေပြည်သာစက်မှုဇုန် (၂) မှာရှိတဲ့ Star Tex အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ နီးပါးဟာလည်း အုပ်ချုပ်သူကို အလုပ်ထုပ်ပေးဖို့အတွက် စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေကြပါတယ်။

ဒီအထည်ချုပ်စက်ရုံတွေက ဆန္ဒပြပွဲတွေအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org