အထည်ချုပ်လုပ်ငန်းကဏ္ဍ ဝင်ငွေ ဒေါ်လာ ၁.၈ ဘီလျံ ရရှိဖို့ မျှော်လင့်

အခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း အထည်ချုပ်လုပ်ငန်းတွေကနေ အမေရိ ကန်ဒေါ်လာ ၁.၈ ဘီလျံ ဝင်ငွေရရှိဖို့ မျှော်လင့်ထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြော ပါတယ်။

အထည်ချုပ်လုပ်ငန်းတခုကို တွေ့ရစဉ် .

အခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း အထည်ချုပ်လုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ ၁.၈ ဘီလျံ ဝင်ငွေရရှိ ဖို့ မျှော်လင့်ထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်တင်ပို့မှုဟာ ဂျပန်နိုင်ငံကို ၃၃ ရာခိုင်နှုန်း၊ အီးယူနဲ့ တောင်ကိုရီးယား ဈေးကွက်ကို ၂၅ ရာခိုင်နှုန်း၊ အမေရိကန်နဲ့ တရုတ်ဈေးကွက်ကို ၂.၄ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာတော့ CMP အထည်ချုပ်လုပ်ငန်းတွေကနေ ဝင်ငွေ ဒေါ်လာ ၆၂၇ သန်း ရရှိခဲ့ပါတယ်။ အခုဘဏ္ဍာနှစ်အတွင်း လောလောဆယ်အထိ ဒေါ်လာ ၁.၄ ဘီလျံကျော် ရရှိထားပြီလို့ စီးပွား/ကူးသန်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

နှစ် ၂၀ သက်တမ်းရှိလာပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ CMP အထည်ချုပ်လုပ်ငန်းတွေကနေ အဝတ်အထည်၊ ရှူးဖိနပ်နဲ့ အိတ်အမျိုးမျိုး ချုပ်လုပ်တင်ပို့နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာ အထည်ချုပ် စက်ရုံပေါင်း ၁၀၀ ကျော်ရှိပြီး၊ အထည်ချုပ်လုပ်သား ၄ သိန်းလောက်ရှိနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org