အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး ၂၇ ပါတီသာ ထည့်သွင်းမဲဆွယ်ခဲ့

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလမှာ ပါတီပေါင်း ၉၀ နီးပါးထဲက ၂၇ ပါတီကသာ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောဆို မဲဆွယ်ခဲ့တာကို တေ့ွရတယ်လို့ အမျိုးသမီးအခွင့် အရေး ဆောင်ရွက်နေတဲ့ Gender and Development Institute GDI က ဒီနေ့ ပြောပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲနှင့် အမျိုးသမီးပါဝင်မှု လေ့လာမှု စစ်တမ်းတွေ့ရှိချက် သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ GDI သင်တန်းခန်းမှာ ပြုလုပ်စဉ် ဓါတ်ပုံ - မိုးကလျာဦး/RFA

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ပါတီပေါင်း ၉၀ နီးပါးထဲက ၂၇ ပါတီကသာ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောဆိုမဲဆွယ်ခဲ့တာကို တေ့ွရတယ်လို့ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်နေတဲ့ Gender and Development Institute GDI က ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပါဝင်ယှဉ်ပြိုင်မှုနဲ့ ရွေးချယ်ခံရမှု အခြေအနေတွေကို GDI က စစ်တမ်း ကောက်ယူထားတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ လှိုင်မြို့နယ်က GDI ရုံးခန်းမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲကျင်းပရာမှာ GDI အမှုဆောင်ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင် က ပြောကြားခဲ့တာပါ။

"ရွေးကောက်ပွဲအချိန် တီဗွီကနေပြီးတော့ အစိုးရပိုင်မီဒီယာကနေပြီးတော့ ထုတ်လွှင့်တဲ့ ရွေးကောက်ပွဲ ပါတီမူဝါဒ၊ သဘောထား ဟောပြောချက်ထဲမှာ ၅၄ ပါတီကတော့ အမျိုးသမီးနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောဘူး၊ ၂၇ ပါတီကတော့ အမျိုးသမီးဆိုတာပြောပါတယ်၊ အဲဒီထဲမှာ ၅ ပါတီက အမျိုးသမီးနဲ့ ပတ်သက်ပြီး သေသေချာချာ အချိန် ၁ မိနစ် ၂ မိနစ်ယူပြီးတော့ ရှင်းပြသွားတဲ့ပါတီရှိပါတယ်"

ပါတီတချို့က မဲဆွယ်ဟောပြောချိန်မှာ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး သီးသန့်ထည့်သွင်း ဟောပြောတာမရှိပေမဲ့၊ ပါတီရဲ့ မူဝါဒတွေထဲမှာ အသေအချာ ထည့်သွင်းရေးဆွဲထားတာကို တေ့ွရတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် ၁၂ ရာခိုင်နှုန်း ရွေးချယ်ခံခဲ့ရပြီး အဲဒီရာခိုင်နှုန်းအရ လွှတ်တော်ထဲမှာ အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှုဟာ နည်းနေသေးကြောင်းလည်း စစ်တမ်းအရ သိရပါတယ်။

GDI စစ်တမ်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မမိုးကလျာဦး ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org