လူငယ်တွေကို ဗိုလ်ချုပ်လို ဖြစ်စေ ချင်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်ပြော

လူငယ်တွေကို ဗိုလ်ချုပ်အောင်ဆန်း လို ဖြစ်စေချင်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ နေပြည်တော်က နှင်းဆီစံအိမ်ရှေ့မှာ ပြောလိုက် ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဦးဇင်း ၁ ပါးနဲ့ ကိုရင် ၁၅ ပါးကို ဆွမ်းကပ်ဖို့အတွက် နေပြည်တော် နှင်းဆီစံအိမ်မှာ ဖိတ်ကြားခဲ့စဉ် Photo: Win Ko ko Latt/RFA

လူငယ်တွေကို ဗိုလ်ချုပ်အောင်ဆန်းလို ဖြစ်စေချင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော်က နှင်းဆီစံအိမ်ရှေ့မှာ ပြောလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁ဝ၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် က နေအိမ်မှာ ဆွမ်းကပ်အလှူပွဲအပြီး သတင်းထောက်တချို့ကို ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာ ဖြစ် ပါတယ်။

"ဖေဖေ့မွေးနေ့ဟာလည်း ကလေးများနေ့ဆိုတော့ အဲ့ဒီတော့ ကိုရင်လေးတွေကို ဆွမ်းကပ်တာပါ၊ အင်မတန် မှ ကြည်နူးစရာကောင်းပါတယ်၊ ခပ်တိုတိုပြောရမယ်ဆိုရင် မြန်မာပြည်ကလူငယ်တွေ ဖေဖေ့လိုဖြစ်စေချင် တယ်ပေါ့"

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အဖြစ် ဆွမ်းကပ်ရာမှာ နေပြည်တော် ၈ မြို့နယ်က ကိုရင်လေး ၁၅ ပါးနဲ့ ဦးဇင်းတစ်ပါးပါဝင်ပြီး အဲ့ဒီ ၈ မြို့နယ်က အင်န်အယ်လ်ဒီပါတီ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

အလားတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁ဝ၁ နှစ်မြောက်မွေးနေ့နဲ့ မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာလည်း ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်၊ တပ်မတော်ဖခင်အဖြစ် တင်စားခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ်လည်း သတ်မှတ်ပြီး မြန်မာနိုင်ငံ မြို့ကြီးအနှံ့အပြားမှာ ကျင်းပကြပါတယ်။

ဗိုလ်ချုပ်မွေးနေ့မှာ ပဲပြုတ်နဲ့ နံပြားအလှူအဖြစ် ကျွေးမွေးတာတွေ၊ ကဗျာရွတ်ပွဲကျင်းပတာတွေအပြင် ဗိုလ်ချုပ်အကြောင်း ဟောပြောပွဲတွေကိုလည်း ကျင်းပကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org