ကျောင်းသားတွေကို ကြိုးကိုင် သူတွေရှိနေကြောင်း ပြည်ထဲရေး ဝန်ကြီး ပြောကြား
လက်ရှိ ကျောင်းသားဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ဒီလှုပ်ရှားမှုဟာ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးကို အကြောင်းပြပြီး နိုင်ငံတော်လုံခြုံရေး ကို ခြိမ်းခြောက်နေကြောင်းနဲ့ ကျောင်းသားလူငယ်တွေ ကို ရှေ့တန်းတင်ပြီး နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေ ရှိကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့ မနေ့က ပြောကြားပါတယ်။
-
2015-02-07 -
-
-
လက်ရှိ ကျောင်းသားဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး ပြည် ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဒီလှုပ်ရှားမှု ဟာ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးကို အကြောင်းပြပြီး နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်းနဲ့ ကျောင်းသားလူငယ်တွေ ကို ရှေ့တန်းတင်ပြီး နောက်ကွယ်ကနေ ကြိုးကိုင်နေ သူတွေရှိကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့ မနေ့က ပြော ကြားပါတယ်။
ဒီအတောအတွင်းမှာပဲ ပညာရေးဝန်ကြီးဌာနက လည်း ကျောင်းသားမိဘများသို့ ပန်ကြားချက်ဆိုပြီး မနေ့က စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်မှာ သပိတ်မှောက်ချီတက်ရာတွင် လိုက်ပါသွားကြတဲ့ ကျောင်းသားတွေ ကျောင်းပျက်နေ ကြတဲ့အတွက် မိဘတွေက စိုးရိမ်နေကြကြောင်း၊ အေး ချမ်းစွာ ပညာသင်ကြားရေးနဲ့ စာမေးပွဲတွေ ချောမောစွာကျင်းပရေးအတွက် အစိုးရက အတတ်နိုင်ဆုံး ဆောင် ရွက်နေချိန်မှာ ဆန္ဒပြမှုတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဆန္ဒပြ ကျောင်း သူ ကျောင်းသားတွေအနေနဲ့ မိမိတို့ ကျောင်းတွေကိုပြန်ပြီး အေးချမ်းစွာပညာသင်ကြားကြဖို့ တိုက်တွန်းကြောင်းနဲ့ မိဘတွေကလည်း ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြဖို့ ပန်ကြားကြောင်း စသဖြင့်ဖေါ်ပြထား ပါတယ်။