ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် မြန်မာနိုင်ငံကို လာရောက်

မြန်မာအစိုးရနဲ့ စစ်ရေးအရ ဆက်ဆံရေး ထူထောင်ဖို့ ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir David Richards ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် Sir David Julian Richards တို့ ဇွန်လ ၃ ရက်နေ့ က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တွင် တွေ့ဆုံကြစဉ် photo: Myanmar President Office Website

မြန်မာအစိုးရနဲ့ စစ်ရေးအရ ဆက်ဆံရေး ထူထောင်ဖို့ ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir David Richards ဟာ မြန်မာနိုင်ငံ ကို ရောက်ရှိနေပါတယ်။

ဗိုလ်ချုပ်ကြီး ရစ်ချတ်ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းတွေ စတင်အပြီး မြန်မာနိုင်ငံကို လာရောက်တဲ့ အနောက်နိုင်ငံကြီးတစ်နိုင်ငံရဲ့ ပထမဦးဆုံး စစ်တပ်အကြီးအကဲလည်း ဖြစ် ပါတယ်။

မနေ့က နေပြည်တော်ကိုရောက်လာတဲ့ ဗြိတိန်ကာကွယ်ရေးဦးစီးချုပ်ဟာ ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ သလို မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဗြိတိန်ကာကွယ်ရေးဦးစီးချုပ်ဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးထူထောင်ဖို့ လာရောက်တာဖြစ်ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ဖို့၊ နှစ်နိုင်ငံတပ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့၊ ငြိမ်းချမ်းရေးကိစ္စရပ်တွေမှာ အတွေ့အကြုံဖလှယ်ဖို့နဲ့ လူသားစွမ်းရည်မြင့်မားဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ မြန်မာအစိုးရ သတင်းမီဒီယာတွေက သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org