မြန်မာလူငယ်တွေ အကြား ကော်ရှူတဲ့ ပြဿနာ ဆိုးဝါးလာ


2013.09.19
drug-rehabilitate-305.jpg ရန်ကုန်တိုင်း တာမွေမြို့နယ် ကယ်တင်ခြင်းတပ် အသင်းတော်မှာ စက်တင်ဘာလ ၁၉ ရက်နေ့က မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ဟောပြော ပွဲကို တွေ့ရစဉ်
Photo: RFA

မူးယစ်ဆေးဝါးတစ်မျိုးလိုပဲ လူငယ်ထုကြားမှာ သုံးစွဲမှုများလာတဲ့ ကော်ရှူတဲ့အခြေအနေဟာ အခုဆိုရင် ကျောင်းသားကျောင်းသူတွေကြားထဲအထိ ကူးစက်နေပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်အထူး တာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားပါတယ်။

ဒီနေ့ ရန်ကုန်တိုင်း တာမွြေို့နယ်က ကယ်တင်ခြင်းတပ် အသင်းတော်မှာကျင်းပတဲ့ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ဟောပြောပွဲ မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်အရှေ့ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့ ရဲအုပ်စန်းဦးက အခုလိုပြောပါတယ်။

အမှိုက်ပုံတွေမှာ ပစ္စည်းအတိုအစကောက်တဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေပေါ့၊ မူးယစ်ဆေးဝါးကို ဝယ်မသုံးနိုင်ဘူး၊ ဒီကော်တွေကိုရှူနေတယ်၊ ရှူတော့မူးနောက်မူးနောက်ဖြစ်တယ်၊ အဲလိုကလေးတွေကစလိုက်တာ ကျောင်းသားတွေကြားထဲကို ရောက်လာတယ်”

လူငယ်တွေကြားထဲ သုံးစွဲှုအများဆုံး ကော်အမျိုးအစားတွေကတော့ စက်ဘီးကျွတ်ဖာတဲ့ကော်၊ သစ်သားကပ်တဲ့ကော်၊ သံသတ္တုတွေ ကပ်တဲ့ကော်ို့ သိရပါတယ်။

အဲ့ဒီကော်ဗူးတွေကို အိမ်သုံးပစ္စည်းအရောင်းဆိုင်တွေ၊ ကားပစ္စည်း၊ ဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်တွေနဲ့ သင်္ဘောဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ ရနေတာကြောင့် မူးယစ်ဆေးအစားထိုးအဖြစ် သုံးစွဲကြတာဖြစ်တယ်လို့လည်း ဒီနေ့ပွဲရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဇင်မာဝင်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။