ရွှေကျောင်းမွမ်းမံရေး စတင်
မန္တလေးမြို့က သမိုင်းဝင် ရွှေကျောင်း ပြန် လည်ပြုပြင်မွမ်းမံရေး အခမ်းအနားကို မနေ့က ကျင်းပခဲ့ရာမှာ ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေနဲ့ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
-
2014-02-15 -
-
-
မန္တလေးမြို့က သမိုင်းဝင် ရွှေကျောင်း ပြန် လည်ပြုပြင်မွမ်းမံရေး အခမ်းအနားကို မနေ့က ကျင်းပခဲ့ရာမှာ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
အမေရိကန်သံအမတ်ကြီး Derek Mitchell က ဒါဟာ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးမှာ သမိုင်းဝင်နေ့ဖြစ်တယ်လို့ စကားပြန်ကတဆင့် ပြောခဲ့ ပါတယ်။
“ဒီနေ့ဟာ အင်မတန်အရေးကြီးတဲ့ ဥပမာတစ်ခု လည်းဖြစ်ပါတယ်၊ ဘယ်လိုဥပမာလဲ ဆိုတော့ နောက်မြန်မာနိုင်ငံရဲ့ ရှေ့ဆက်ပြီး သွားမယ့် ဆက်ဆံရေးအတွက် အင်မတန် အရေးကြီးတဲ့ ဥပမာတစ်ခုဖြစ်ပါတယ်”
ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဦးသန်းဆွေကလည်း ရွှေကျောင်းကြီးဟာ မြန်မာနိုင်ငံမှာ ဧည့်သည်တွေ လာရောက်လည်ပတ်မှုအများဆုံး သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မန္တလေး ရွှေကျောင်းတော်ကို ၁၉ ရာစုနှစ် မင်းတုန်းမင်းလက်ထက်က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ရွှေကျောင်းမွမ်းမံရေး ၂ နှစ်ကြာ စီမံကိန်းကို အမေရိကန်အစိုးရနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနတို့က ပူးတွဲဆောင်ရွက်မှာဖြစ်ပြီး အမေရိကန်အစိုးရက ဒေါ်လာ ငါးသိန်း ထောက်ပံ့ကူညီမယ်လို့ သိရပါတယ်။