ဘာသာနှစ်ရပ် တွေ့ဆုံဆွေးနွေးဖို့ အစိုးရ သဘောတူ
မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ လျော့နည်းသွားရေးအတွက် ဗုဒ္ဓဘာသာ ပညာရှင်တွေနဲ့ အစ္စလာမ် ဘာသာ ပညာရှင်တွေ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကျင်းပဖို့ ဆိုတဲ့ အီရန်နိုင်ငံရဲ့ အဆိုပြုချက်ကို မြန်မာအစိုးရက ကြိုဆိုလိုက်ကြောင်း တဟီရန် တိုင်းမ် (Tehran Times ) သတင်းစာက ဖေါ်ပြပါတယ်။
-
2013-07-08 -
-
-
မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ လျော့နည်းသွားရေးအတွက် ဗုဒ္ဓဘာသာ ပညာရှင်တွေနဲ့ အစ္စလာမ်ဘာသာ ပညာရှင်တွေ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကျင်းပဖို့ဆိုတဲ့ အီရန်နိုင်ငံရဲ့ အဆိုပြုချက်ကို မြန်မာအစိုးရက ကြိုဆိုလိုက်ကြောင်း တဟီရန် တိုင်းမ် (Tehran Times ) သတင်းစာက ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိခဲ့တဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြီးခဲ့တဲ့သောကြာနေ့က တွေ့ဆုံခဲ့ရာမှာ အဆိုပြုခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာတွေကြားက ပဋိပက္ခတွေ၊ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေတွေအပေါ်စိုးရိမ်ကြောင်း၊ ပဋိပက္ခတွေဖြေရှင်းရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ပါတယ်။ အီရန်အစိုးရအနေနဲ့လည်း ပြဿနာဖြေရှင်းရေးအတွက် မြန်မာအစိုးရကို အကူအညီပေးဖို့ အသင့်ရှိနေတဲ့အပြင်၊ နှစ်ဘက်ဒုက္ခသည်တွေအားလုံးအတွက် လူသားချင်းစာနာရေးအကူအညီတွေပေးပို့ဖို့ အဆင်သင့်ဖြစ်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။