တပ်မတော် စစ်ကြောင်းနဲ့ ရခိုင် AA တပ်များ တိုက်ပွဲဖြစ်ပွား
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာ့ တပ်မတော် ခမရ ၂၈၉ တပ်ဖွဲ့တွေနဲ့ ရခိုင် တပ်မတော် AA တပ်ဖွဲ့တွေ မတ်လ ၂၈ ရက်နေ့ညပိုင်း နဲ့ ၂၉-ရက်နေ့ တို့က တိုက်ပွဲဖြစ်ပွားရာမှာ အစိုးရဘက်က အရာရှိတစ်ဦး ကျဆုံးခဲ့တယ်လို့ AA တပ်ဖွဲ့ က ပြောပါတယ်။
-
2015-03-29 -
-
-
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာ့တပ်မတော် ခမရ ၂၈၉ တပ်ဖွဲ့တွေနဲ့ ရခိုင်တပ်မတော် AA တပ်ဖွဲ့တွေ မတ်လ ၂၈ ရက်နေ့ညပိုင်း နဲ့ ၂၉ ရက်နေ့ တို့က တိုက်ပွဲဖြစ်ပွားရာမှာ အစိုးရဘက်က အရာရှိတစ်ဦး ကျဆုံးခဲ့တယ်လို့ AA တပ်ဖွဲ့က ပြောပါတယ်။
ကျောက်တော်မြို့ရဲ့မြောက်ဘက် ချင်းပြည်နယ် ပလက်၀ နယ်စပ်အနီးမှာဖြစ်ပွားခဲ့တဲ့ အဲဒီ ရခိုင် AA တပ်ဖွဲ့နဲ့ အစိုး ရတပ်ဖွဲ့တွေရဲ့ တိုက်ပွဲဟာ ရခိုင်ပြည်နယ် အတွင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ AA တပ်ဖွဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီးဒေါက်တာ ညိုထွန်းအောင်က မတ်လ ၂၈ရက်နေ့ ညပိုင်းက စပြီး တိုက်ပွဲများ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
"ညသန်းခေါင်ယံမှာ နာရီဝက်လောက်ဖြစ်တယ်၊ အဲ့လိုဖြစ်ပြီးတော့ ရန်သူကဆုတ်သွားတယ်၊ ကျနော် တို့က နယ်မြေရှင်းလင်းရေးနဲ့ စိုးမိုးမှုအတွက် ရန်သူ ကိုလိုက်ရှင်းတယ်၊ ဒီကြားထဲမှာတော့ တိုက်ပွဲက မဖြစ်ဘူး၊ မနက်ဘက်မှာဘဲ ကျနော်တို့တိုက်ပွဲပြန်ဖြစ်တာပေါ့နော်၊ ရန်သူဘက်ကတော့ ဗိုလ်ကြီး ဇော်ထက်နိုင်ဦး ယာယီ တပ်ရင်းမှူးအနေနဲ့ တာဝန်ထမ်းဆောင်နေစဉ်၊ သူအပါအဝင် သူ့ရဲဘော် တစ်ယောက်ရယ် တိုက်ပွဲကျတယ်၊ နောက်ထပ် ကျနော်တို့ ၂ ယောက် သုံ့ပန်းအနေနဲ့ ဖမ်းမိတယ်ဗျ"
အဲဒီ တိုက်ပွဲတွေမှာ လက်နက်များလည်းရမိခဲ့တယ်လို့ သူက ပြောပါတယ်။ အခုတိုက်ပွဲ သတင်းနဲ့ပတ်သက်ပြီး အစိုးရ ဘက်သတင်းထုတ်ပြန်ခြင်းမရှိသေးသလို ကျဆုံးသူနဲ့ အဖမ်းခံရသူတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြု ချက်ရယူနိုင်ခြင်းမရှိပါဘူး။
AA ရခိုင်တပ်မတော်တပ်ဖွဲ့တွေဟာ ကိုးကန့်ဒေသမှာလည်း MNDAA တပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး အစိုးရတပ်တွေကို တိုက်ပွဲဝင်လျှက်ရှိပါတယ်။