KIO ဌာနချုပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်၊ ဗိုလ်လောင်း၂ဝ ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရ

တရုတ် မြန်မာနယ်စပ်အနီးမှာရှိတဲ့ ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ထဲက ကေအိုင်အေ ဗိုလ်လောင်း စစ် သင်တန်းကျောင်းထဲကို ဒီနေ့ နေ့လည်က လက်နက်ကြီးကျရောက်တာကြောင့် သင်တန်းသား ဗိုလ်လောင်း ၂ဝ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ တယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ပြော ပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် သင်တန်းကျောင်းတွင် KIA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေပုံ ဖြစ်ပါသည်။ (Photo: RFA) RFA

တရုတ် မြန်မာနယ်စပ်အနီးမှာရှိတဲ့ ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ထဲက ကေအိုင်အေ ဗိုလ်လောင်းစစ် သင်တန်းကျောင်းထဲကို ဒီနေ့ နေ့လည်က လက်နက် ကြီးကျရောက်တာကြောင့် သင်တန်းသားဗိုလ်လောင်း ၂ဝ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ပြောပါတယ်။

အဲ့ဒီအနီးက ခါရာတောင်မှာ အခြေစိုက်တဲ့ အစိုးရ တပ်ဖက်က ပစ်ခတ်တာလို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြော ပါတယ်။

"အချိန်ကတော့ ၁၂ နာရီ မိနစ် ၂၀ မှာ ခါရာတောင်ကနေပြီးတော့မှ လတ်နက်ကြီးနဲ့ လှမ်းပစ်တာပေ့ါလေ၊ အဲ့ဒီမှာ ခါရာတောင်မှာ ထိုင်နေတဲ့ စစ်တပ်ပေါ့၊ လှမ်းပစ်တဲ့အခါကျတော့ KIA ရဲ့ ဗိုလ်လောင်းသင်တန်းကျောင်းမှာ သူတို့ စုဝေးတဲ့နေရာမှာ လာကျလို့ အဲ့ဒီမှာ လူ ၂၀ ဦးသေပြီးတော့ ၁၆ ဦး ဒဏ်ရာရသွားတယ် သိရ တယ်ဗျ၊ ကျနော်တို့ဘက်ကို အကြောင်းကြားလာ တယ်၊ ကျနော်တို့ ပဋိပက္ခငြိမ်းချမ်းရေးအဖွဲ့ကို တင်ပြခိုင်းတယ်၊ န.ပ.ခ တိုင်းကို တင်ပြခိုင်းတယ်၊ UPWC က ဦးအောင်မင်းတို့ိကိုလည်း တင်ပြခိုင်းတယ်"

ဒဏ်ရာရရှိသူ ၁၆ ဦးက လိုင်ဇာမြို့ဆေးရုံမှာ တက်ရောက်ကုသနေတယ်လို့ သိရပါတယ်။

ကေအိုင်အေက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နဲ့ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားတယ်လို့လည်း သိရပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလဖိုင်ဆန်းအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org