SSPP/SSA တပ်နဲ့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ်ထဲမှာ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (ဝမ် ဟိုင်း) အဖွဲ့နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေလို့ ရွာ ၅ ရွာလောက်က ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။ Photo courtesy of SSPP/SSA

ရှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ်ထဲမှာ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (ဝမ် ဟိုင်း) အဖွဲ့နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေလို့ ရွာ ၅ ရွာလောက်က ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

ဒီကနေ့ မနက်ပိုင်း မိုင်းရှုးမြို့ကနေ ဆယ်မိုင်လောက်ကွာဝေးတဲ့ နောင်ခြေရွာနားမှာ ဖြစ်ပွားခဲ့တာလို့ SSPP/ SSA (ဝမ်ဟိုင်း) အဖွဲ့က ဒုတိယဗိုလ်မှူးကြီး စိုင်းလှက ပြောပါတယ်။

"ဒီနေ့မနက် ၈ နာရီ ၄ဝ မှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က တပ်အင်အား ၃ဝဝ လောက်က ဟိုးအရင်က သူတို့ဖယ်ခိုင်းတဲ့နေရာပေါ့ မိုင်းရှုးမြို့နယ်  နောင်ခြေရွာအနီးမှာပေါ့"

တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်က နောင်ခြေ၊ နားသယ်၊ မိုင်းခန် စတဲ့ ရွာ ၅ ရွာလောက်က ဒေသခံတွေလည်း တိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။

အစိုးရတပ်မတော် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်က အင်အား ၃၀၀ လောက်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး SSPP/SSA (ဝမ်ဟိုင်း) အဖွဲ့ရဲ့ နောင်ခြေရွာနားက တပ်စခန်းတစ်ခုကို ဦးတည်တိုက်ခိုက်နေတာဖြစ်တယ် လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org