ကေအိုင်အိုနဲ့ အစိုးရတပ် တိုက်ပွဲဆက်လက်ဖြစ်ပွား

ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ကျေးရွာအနီး မှာ ကေအိုင်အို ဗဟိုလုံခြုံရေးတပ်နဲ့ အစိုးရ တပ်တွေအကြား မနေ့က တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့သိရပါတယ်။

အစိုးရတပ်မတော်သား တချို့ကိုတွေ့ရစဉ် Photo: Kyaw Myo Min/ RFA

ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ကျေးရွာအနီးမှာ ကေအိုင်အို ဗဟိုလုံခြုံရေးတပ်နဲ့ အစိုးရတပ်တွေအကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဧပြီလ ၂၂ရက် သောကြာနေ့ညနေ ၆ နာရီမှာ နမ့်ဆန်ယန်ရွာနဲ့ ဧရာဝတီမြစ်အကြားရှိ ကေအိုင်အို  တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၈ နဲ့ အစိုးရ တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်တာလို့ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှုးကြီး နော်ဘူ က ပြောပါတယ်။

"နမ့်ဆန်ယန်ရဲ့အနောက်ဖက်ကျမှာပေါ့ ညနေပိုင်း ၅ နာရီကျော် ၆ နာရီလောက်မှာ ပြစ်တယ်လို့ ကြားရပါတယ်။ အခုတလောကတော့ ကန်တော်ယန်တို့ နမ့်ဆန်ယန်တို့ သူတို့ဖက်က စစ်ကြောင်းတွေ ထိုးထားတာရှိတယ်။ ဘယ်တပ်တွေလဲ မသိဘူး တာလောဖက်ကလဲ ထိုးထားတယ် ကန်တော်ယန်ဘက်ကလည်း ထိုးထားတယ်။ သဲသဲကွဲကွဲကတော့ မသိရသေးဘူး"

တိုက်ပွဲဖြစ်ပွားတဲ့ အသေးစိတ်အချက်အလက်တွေတော့ ခုထိ မသိရသေးဘူးလို့လဲ သိရပါတယ်။ ကေအိုင်အို ဒေသအတွင်း အခုတလော အစိုးရတပ်တွေများ လာတာကြောင့် နောက်ထပ် တိုက်ပွဲတွေ များလာမှာကို စိုးရိမ်တယ်လို့လဲ သူက ပြောပါတယ်။

အစိုးရသစ်တက်လာပီးနောက်ပိုင်း ကေအိုင်အိုနဲ့ အစိုးရတပ်တွေအကြားတိုက်ပွဲဖြစ်တာ ၄ ကြိမ်လောက်ရှိပါတယ်။  ကချင်ပြည်နယ် ဗန်းမော် မြစ်ကြီးနား ကြားနေရာတွေကို   အစိုးရတပ်က နယ်မြေစိုးမိုးရေးလုပ်မယ်ဆိုပြီး ဒေသတွင်းမှာ သတင်းတွေ ထွက်နေတယ် လို့လဲ သိရပါတယ်ခင်ဗျာ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org