မိုင်းရှူး မိုင်နောင်ဒေသမှာ လူတစ်သောင်းကျော် ထွက်ပြေးနေရ
ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီး၊ လဲချားနဲ့မိုင်းနောင်မြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ တစ်သောင်းခွဲလောက်ရှိပြီး အဲဒီထဲက ဒုက္ခသည်တစ်ထောင်လောက်ကို ကျောက်မဲမြို့က အဆင့်မြင့် သက်ကြီးစောင့်ရှောက်ရေးစင်တာမှာ ခိုလှုံနိုင် ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
-
2015-11-14 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီး၊ လဲချားနဲ့ မိုင်းနောင်မြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ တစ်သောင်းခွဲလောက်ရှိပြီး အဲဒီထဲက ဒုက္ခသည်တစ်ထောင်လောက်ကို ကျောက်မဲမြို့က အဆင့်မြင့် သက်ကြီးစောင့်ရှောက်ရေးစင်တာမှာ ခိုလှုံနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
လဲချားမှာ ဒုက္ခသည်တစ်ထောင်လောက်ရှိနေပြီး လဲချားကနေ ထွက်ပြေးလာသူတွေ ကျောက်မဲရောက်တဲ့အခါ အဆင်သင့်နေထိုင်နိုင်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ကျောက်မဲမြို့ အဆင့်မြင့်သက်ကြီးစောင့်ရှောက်ရေးစင်တာ အဖွဲ့ဝင် ကိုစိုင်းသန်းမောင် က ပြောပါတယ်။
"အိပ်ဖို့နေရာကလည်း ကျယ်ကျယ်ဝင်းဝင်းရှိပါတယ်၊ ထောင်ဂဏန်းအထိ လက်ခံလို့ရပါတယ်၊ ကျွေးမွေးဖို့လည်း လုပ်ငန်းရှင်တွေဘက်ကို အကူအညီတောင်းထားတာရှိပါတယ်၊ ကျန်းမာရေးရော ဆရာဝန်တွေရော အကူအညီတောင်းထားတာရှိပါတယ်၊ စစ်ဘေးဒုက္ခသည်တွေကို နေရာပေးကူညီဖို့ ပြင်ဆင်ပေးထားပါတယ်"
မိုင်းရှူးမြို့နယ် ဝမ်ဆော့ကျေးရွာနဲ့ ကျေးသီးမြို့နယ် ဟိုက်ပါကျေးရွာတွေမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၆ရက် နေ့က တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတာဖြစ်ရာ ထွက်ပြေးနေသူ ၄ထောင်လောက်ရှိပါတယ်။
အဲဒီထဲက ဒုက္ခသည် ၁၀၀ ကျော်ဟာ လားရှိုးမြို့က အောင်မင်္ဂလာမန်ဆူရှမ်းကျောင်းကို ရောက်ရှိနေပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ရက် နေ့ကစပြီး မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
ကျောက်မဲမြို့က အဆင့်မြင့် သက်ကြီးစောင့်ရှောက်ရေးစင်တာမှာ လဲချားမြို့နယ်က ဒုက္ခသည်တစ်ထောင်ဝန်းကျင်ကို ယာယီခိုလှုံနေထိုင်နိုင်ဖို့ ပြင်ဆင်ထားတာနဲ့ ပတ်သက်ပြီး စင်တာတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုစိုင်းသန်းမောင်ကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားပါတယ်။