အစိုးရဝန်ထမ်းနှစ်ဦး ကို ပြန်မလွှတ် ရင် အင်အားသုံးဖို့ KIA ကို စစ်တိုင်းမှူး ရာဇသံပေး

ကချင်လွတ်မြောက်ရေးတပ်မတော် KIA အနေနဲ့ ဖမ်းဆီးထားတဲ့ အစိုးရဝန်ထမ်း နှစ်ဦးကို မေလ ၆ ရက်နေ့ ညနေ ၆ နာရီမှာ နောက်ဆုံး ထားလွှတ်ပေး ဖို့နဲ့ သတ်မှတ်ချက်အတိုင်း ပြန်လွှတ်မပေးရင် အင်အားသုံး ဖြေရှင်းမှာဖြစ်ကြောင်း မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူးက KIA ကို သတိပေး အကြောင်းကြား လိုက်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် သင်တန်းကျောင်းတွင် KIA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေပုံ ဖြစ်ပါသည်။ (Photo: RFA) RFA

ကချင်လွတ်မြောက်ရေးတပ်မတော် KIA အနေနဲ့ ဖမ်းဆီးထားတဲ့ အစိုးရဝန်ထမ်း နှစ်ဦးကို မေလ ၆ ရက်နေ့ ညနေ ၆ နာရီမှာ နောက်ဆုံးထားလွှတ်ပေးဖို့နဲ့ သတ်မှတ်ချက်အတိုင်း ပြန်လွှတ်မပေးရင် အင်အား သုံး ဖြေရှင်းမှာဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူးက KIA ကို သတိပေး အကြောင်းကြားလိုက် တယ်လို့ သိရပါတယ်။

KIA အနေနဲ့ ဒီအကြောင်းကြားစာကို လက်ခံရရှိ ထားကြောင်းနဲ့ ဒီဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရမှုကို စုံစမ်းစစ်ဆေးနေကြောင်း၊ ဖမ်းဆီးထားတာသေ ချာရင် ပြန်လွှတ်ပေးမှာဖြစ်ကြောင်း အကြောင်းပြန် ထားတယ်လို့ KIO နည်းပညာ အထောက်အကူပြု အလုပ်အဖွဲ့က ဦးဒေါင်းခါးက ပြောပါတယ်။

"စာတော့ပို့ထားတယ်၊ ကျနော်တို့ရုံးကို မိတ္တူ တစ်စောင်ပေးတယ်၊ အစိုးရဝန်ထမ်းနှစ်ဦးဖြစ် တယ်၊ မနေ့ညက လွှတ်ပေးဖို့ပြောတယ်၊ မနေ့ညနေ ၆ နာရီ နောက်ဆုံးထားပြီး လွှတ်ခိုင်းတာ၊ ဒါပေမဲ့ ကျနော်တို့တွေ့ပြီးပါပြီ၊ ဌာနချုပ်ရောက်လို့ရှိရင်လည်း လွှတ်ပေးမယ်လို့ အားလုံးအောက်ခြေအဆင့်ဆင့် ညွှန်ကြားထားတယ်လို့ သူတို့လမ်းခရီးမှာမို့လို့နေမှာလို့ အဲလိုအကြောင်းပြန်ထားတယ်"

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေက အရပ်သားတွေကို အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိပြီး အစိုးရတပ် နယ်မြေခံတပ်မ ၈၈ က  ဗန်းမော်ခရိုင် မန်ဝန်းကြီးမြို့နယ်၊ လဂါတ်ယန် ဒုက္ခသည်စခန်းက ဒုက္ခသည် အမျိုးသား ၁၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို ကေအိုင်အေတပ်ဖွဲ့လည်း မြစ်ကြီးနားမြို့မှာ ကနေ မြစ်ဆုံကို သွားတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းနှစ်ဦးကို  ဒွန်ဂမ်ကျေးရွာအနီးမှာ ဖမ်းဆီးသွား ခဲ့ပါတယ်။  အစိုးရတပ်က ဖမ်းဆီးခဲ့တဲ့ ဒုက္ခသည်တွေကို နောက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org