ငြိမ်းချမ်းရေလုပ်ငန်းစဉ် ထိခိုက်မှာ စိုးရိမ်ကြောင်း ကေအဲန်ယူ ထုတ်ပြန်
ကေအိုင်အို ဗိုလ်သင်တန်းကျောင်းကို တပ်မတော်ဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သေဆုံးမှုတွေ ဖြစ်ရတဲ့ကိစ္စမျိုးတွေကြောင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်မှာ စိုးရိမ်မိကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
-
2014-11-22 -
-
-
ကေအိုင်အို ဗိုလ်သင်တန်းကျောင်းကို တပ်မတော်ဖက် က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သေဆုံး မှုတွေ ဖြစ်ရတဲ့ကိစ္စမျိုးတွေကြောင့် ပြည်တွင်းငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်မှာ စိုးရိမ်မိကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က မနေ့ က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကရင်အမျိုးသား အစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန်က စိုးရိမ်ချက်ကို အခုလို ပြောပါတယ်။
"ဒီလိုကျမတို့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး စကားပြောနေတုန်းအချိန်မှာ ဒီလိုအဖြစ် အပျက်တွေ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့လည်း စိုးရိမ်မှုရှိတယ်၊ ယုံကြည်မှုတည်ဆောက်တဲ့အချိန်မှာ ဒီလိုအဖြစ်အပျက်တွေဖြစ်တဲ့အတွက် ကျမတို့အားလုံးက စိုးရိမ်မှုရှိတယ်"
ဒီထုတ်ပြန်ချက်မှာ KIO နယ်မြေအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုရပ်လိုက်ပြီး နှစ်ဘက်စလုံး ငြိမ်းချမ်းစွာ တွေဆုံဖြေရှင်းဖို့ တိုက်တွန်းထားသလို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ MPC အနေနဲ့လည်း အမြန်ဆုံးညှိနှိုင်းပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က လိုင်ဇာမြို့အရှေ့ဖက် ကေအိုင်အို ဗိုလ်လောင်း သင်တန်းကျောင်းကို အစိုးရတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာတာကြောင့် သင်တန်းသာ ၂၃ ယောက်သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ ဗိုလ်လောင်းတွေထဲမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်က ၁၁ ဦး၊ ရခိုင့်တပ်မတော်က ၈ ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ၂ ဦးနဲ့ ချင်းအမျိုးသား တပ်ဦးက ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် KIA စစ်သင်တန်းကျောင်းဝင်းထဲ သေဆုံးခဲ့သူ ဗိုလ်လောင်းတွေအတွက် ဆုတောင်းပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စီတာဘူမနောကွင်းမှာ ဒီကနေ့ ကျင်းပရာမှာ လူတစ်ထောင်နီးပါးလောက် တက်ရောက်ခဲ့ပါတယ်။