ကချင် မန်စီဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွား

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် နမ့်လင်းပါကျေးရွာအနီးမှာ အစိုးရတပ် နဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက် ခံတပ်တွေ မနေ့ကစပြီး ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲဖြစ် ပွားနေပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်ပုံ photo: Google Map

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် နမ့်လင်းပါကျေးရွာအနီးမှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံတပ်တွေ မနေ့ကစပြီး ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေပါတယ်။

အစိုးရတပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးဆောင် ရွက်ချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းအထိ ဖြစ်ပွားခဲ့တဲ့ နှစ်ဘက်တိုက် ပွဲတွေကြောင့် ထိခိုက်မှုတွေရှိပေမယ့် အတိအကျ မသိရှိရသေးကြောင်း မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့ဝင် ဦးဆန်းအောင်က ပြောပါတယ်။

အစိုးရနဲ့ ကေအိုင်အေတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကုန်ပိုင်းက မန်စီမြို့နယ် နမ့်လင်းပါကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် စည်ခမ်းကြီး ၊ ကောင်လွင်၊ မုန်းဒိမ်ပါ စတဲ့ ကျေးရွာတွေက ဒေသခံ ရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဂျိန်းဖော၊ ရဝမ်၊ လီဆူ၊ ရှမ်း၊ ဗမာ စတဲ့ တိုင်းရင်းသား တစ်သိန်းဝန်းကျင်လောက်ဟာ ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းတွေမှာ ဒီနေ့အထိ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org