တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာမှု အစိုးရနဲ့ ကေအိုင်အေ အရေးပေါ်တွေ့ဆုံ

အစိုးရတပ်တွေနဲ့ KIA ကချင်တပ်တွေအကြား ဖားကန်နဲ့ တနိုင်းဒေသတွေမှာ တိုက်ပွဲတွေပြန် လည်ဖြစ်ပွားလာတာကြောင့် နှစ်ဘက် အရေးပေါ် တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို မြစ်ကြီး နားမြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွား တဲ့ ဒေသတွေကို နှစ်ဘက်သွားရောက်ကြည့်ရှု စစ်ဆေးဖို့ သဘောတူညီလိုက်ကြပါတယ်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က ကေအိုင်အို နည်းပညာ အကြံပေးအလုပ်အဖွဲ့ရုံးမှာ ဧပြီလ ၂၇ ရက်နေ့ကပြုလုပ်တဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ အစည်းအဝေးမှာ အစိုးရ နဲ့ ကေအိုင်အို နှစ်ဖက်ကိုယ်စားလှယ်တွေကို တွေ့ရစဉ် Photo: Kyaw Myo Min/RFA

အစိုးရတပ်တွေနဲ့ KIA ကချင်တပ်တွေအကြား ဖားကန်နဲ့ တနိုင်းဒေသတွေမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာ တာကြောင့် နှစ်ဘက်အရေးပေါ် တွေ့ဆုံဆွေးနွေးပွဲ တစ်ခုကို မြစ်ကြီးနားမြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေကို နှစ်ဘက်သွားရောက် ကြည့်ရှုစစ်ဆေးဖို့ သဘောတူညီလိုက်ကြပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ တိုက်ပွဲတွေဖြစ်ပွားတာနဲ့ ပတ်သက်လို့ သဘောထားအမြင်တချို့ မတူညီ တာကြောင့် ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်သွားဖို့ ညှိနှိုင်းသဘောတူညီခဲ့ကြတာလို့ KIA ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင် က ပြောပါတယ်။

KIA ထိန်းချုပ်နယ်မြေအတွင်း အစိုးရစစ်တပ်ဘက်က နယ်မြေချဲ့ထွင်လာတဲ့ကိစ္စနဲ့ မြေပြင်စစ်ဆေးမှုတွေ အပြီးမှာ အစိုးရတပ်ဖွဲ့တွေ ပြန်ဆုတ်ပေးရေးကိစ္စတွေ ကိုလည်း တင်ပြခဲ့တယ်လို့ ဗိုလ်မှူးကြီးဇော်တောင် က ပြောပါတယ်။

ဗိုလ်မှူးကြီးဇော်တောင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org