ကိုးကန့်သူပုန်ဘက်ကကျဆုံး အလောင်း ၁၈ လောင်းရ ရှိကြောင်း အစိုးရထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေ သတိုက်ပွဲအတွင်း ကိုးကန့်သူပုန်အလောင်း ၁၈ လောင်းရရှိထားပြီး အပြင်းအထန် ဒဏ်ရာရရှိထားသူ ၈ ဦးကိုလည်း ဖမ်းဆီးရမိ ထားတယ်လို့ အစိုးရက သတင်း ထုတ်ပြန်ပါတယ်။

လောက်ကိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာပြမြေပုံ Photo: Hmuu Zaw

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတိုက်ပွဲ အတွင်း ကိုးကန့်သူပုန်အလောင်း ၁၈ လောင်းရရှိထားပြီး  အပြင်းအထန်ဒဏ်ရာရရှိထားသူ ၈ ဦးကိုလည်း ဖမ်းဆီး ရမိထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒါ့ပြင် လက်နက်ငယ်မျိုးစုံ အလက် ၁၀၀၊ လမ်းလျှောက် စကားပြောစက် ၄ လုံး၊ လက်ပ်တော့ ကွန်ပြူတာ ၄ လုံးနဲ့ မူးယစ်ဆေးဝါးတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ဆို ပါတယ်။

အစိုးရတပ်မတော်ဘက်ကတော့ ကျဆုံးသွားတဲ့အရာရှိ စစ်သည်အရေအတွက်ဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အထိ ၄၇ ဦးအထိရှိတယ်လို့လည်း သတင်းထုတ်ပြန် ထားပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ကစတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေ အတွင်း အစိုးရဘက်က လက်နက်ကြီး၊ လေကြောင်း ပစ်ကူ တိုက်ခိုက်မှုတွေရှိကြောင်းအစိုးရဘက်က ပြောသ လို MNDAA ကိုးကန့်တပ်မတော်ဘက်ကလည်း TNLA တာအန်းလွတ်မြောက်ရေး တပ်မတော်၊ KIA ကချင် လွတ်မြောက်ရေးတပ်မတော်၊ SSPP/SSA ရှမ်းပြည် တိုးတက်ရေးပါတီ နဲ့ AA ရခိုင့်တပ်မတော်တို့ ကူညီ တိုက်ခိုက်ပေးနေတယ်လို့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်း က ပြောကြားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org