အစိုးရရဲ့ ရက် ၁ဝဝ စီမံကိန်း နေပြည်တော်မှာ ရှင်းလင်း
အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်း မှာ ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သတ် ပြီး နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနတို့က ဆောင် ရွက်ခဲ့တဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
-
2016-08-12 -
-
-
အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းမှာ ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သတ်ပြီး နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနတို့ က ဆောင်ရွက်ခဲ့တဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံကိန်းတွေကို မေလ ၁ ရက်က စတင်ခဲ့ပြီး ဇူလိုင်လအထိ ဆောင်ရွက်ခဲ့ တာတွေကို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက အစိုးရသစ်လက်ထက် သိသာထင်ရှားတဲ့ ရလဒ်ကတော့ ပြည်ပ ခေါင်းဆောင်တွေ လာရောက်တာဖြစ်တယ်လို့ပြောပါတယ်။
ရက် ၁၀၀ စီမံကိန်းဟာ လုပ်ငန်းသစ်မဟုတ်ဘဲ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေထဲက ရက် ၁၀၀ အတွင်း အမြန်ဆုံးအကျိုးရှိမယ့်လုပ်ငန်းတွေ စိစစ်ရွေးထုတ်ပြီးဆောင်ရွက်တာလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အပါအဝင် အခြားဒေသတွေမှာ ရွှေ့ပြောင်းဒုက္ခသည်တွေကို တန်ဖိုးနည်း နေအိမ်တွေ ဆောက် လုပ်ပေးခဲ့တာကို နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်က ပြောပါတယ်။
အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံကိန်းကို ဒီကနေ့ရှင်းလင်းတာမှာ အမြဲတန်းအတွင်းဝန်တွေ၊ ညွန်ကြားရေးမှူးချုပ်တွေ သာ လာရောက်ရှင်းလင်းခဲ့တာတွေ့ရပါတယ်။
လာမယ့် သြဂုတ်လ ၁၆ ရက်နေ့မှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး၊ လူမှုဝန်ထမ်း၊ ပြည်ထဲရေးနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ရှင်းလင်းမှာဖြစ်ပါတယ်။