မြန်မာတပ်ဖွဲ့ ကျူးလွန်မှု ထင်ရှားဟု PHR ပြောကြား

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို တွေ့ဆုံစစ်ဆေးခဲ့ရာမှာ သူတို့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖေါက်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း သက်သေထင်ရှား တွေ့ရှိခဲ့ရတယ်လို့ မနေ့က ထုတ်ပြန်တဲ့ PHR- Physicians for Human Rights လူ့အခွင့်အရေးဆိုင်ရာ ဆေးပညာရှင်များအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

နယ်စပ်ခြံစည်းရိုးအနီးမှာ ကင်းစောင့်နေတဲ့ နယ်ခြားစောင့်ရဲတစ်ဦးကို တွေ့ရစဉ်

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို တွေ့ဆုံစစ်ဆေးခဲ့ရာမှာ သူတို့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖေါက်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း သက်သေ ထင်ရှား တွေ့ရှိခဲ့ရတယ်လို့ မနေ့က ထုတ်ပြန်တဲ့ PHR- Physicians for Human Rights လူ့အခွင့်အရေးဆိုင်ရာ ဆေးပညာရှင်များအဖွဲ့ရဲ့ အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။ “Please Tell the World What They Have Done to Us” “ကျွနု်ပ်တို့ကို သူတု့ိဘာတွေလုပ်ခဲ့သလဲဆိုတာ ကမ္ဘာကို ပြောလိုက်ပါ” လို့ အမည်ပေးထားတဲ့ အဲဒီ အစီရင် ခံစာမှာ မြန်မာတပ်ဖွဲ့တွေရဲ့ ကျုးလွန်မှုတွေကို လူသားဖြစ်တည်မှု ဆန့်ကျင်တဲ့ပြစ်မှုတွေအဖြစ် စုံစမ်း အရေး ယူသင့်ကြောင်း ထောက်ခံ တင်ပြထားပါတယ်။

အစီရင်ခံစာမှာ ၂ဝ၁၇ သြဂုတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်း ချွပ်ပြင်ဆိုတဲ့ ကျေးရွာမှာ အစိုးရတပ်ဖွဲ့တွေရဲ့ လူသတ်ပွဲကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ရွာသား ၂၂ ဦးကို PHR အဖွဲ့က စစ်ဆေးမေးမြန်းပြီး တွေ့ရှိချက်တွေ ကို အသေးစိတ် ဖေါ်ပြထားတာ ဖြစ်ပါတယ်။ PHR အဖွဲ့ဟာ နယူးယောက်မြို့ အခြေစိုက်ပြီး ကမ္ဘာတခွင် အစုအပြုံ လိုက် ညှဉ်းပန်းသတ်ဖြတ်မှုတွေ ပပျောက်ရေးအတွက် ဆေးသိပ္ပံပညာ အကူအညီနဲ့ ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေးအဖွဲ့ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org