ရှမ်းပြည်မြောက်ပိုင်း မှာ လေကြောင်း ပစ်ခတ် တိုက်ခိုက်မှု ဆက်လက်တိုးမြှင့်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှူးမြို့နယ် ဝမ်းဆော့ရွာအနားမှာ SSPP/SSA တပ်တွေကို မြန်မာအစိုးရတပ်က ဒီနေ့နေ့လည်မှာ လေ ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့သလို၊ TNLA တအာင်း လွတ်မြောက်ရေးတပ်တွေရှိတဲ့ မိုးမိတ်ဒေသမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှူးမြို့နယ် ဝမ်းဆော့ရွာအနားမှာ SSPP/SSA တပ်တွေ ကို  မြန်မာအစိုးရတပ်က ဒီနေ့နေ့လည်မှာ လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့သလို၊ TNLA တအာင်းလွတ်မြောက်ရေးတပ်တွေ ရှိတဲ့ မိုးမိတ်ဒေသမှာလဲ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ SSPP/SSA နယ်က တိုက်ပွဲနဲ့ပတ်သက် လို့ အသေ အပျောက်အဆုံးအရှုံးကို မသိရသေးကြောင်း အဖွဲ့ရဲ့တာဝန်ခံအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

"မနေ့ကဖြစ်တာ မိုင်းရှုးမြို့နယ် ဝမ်ဆော့နားလေးမှာ၊ မနက်ပိုင်း ၂ နာရီကနေစပြီးတော့ ၄ နာရီခွဲထိပေါ့"

အလားတူ ပလောင်ဒေသကတိုက်ပွဲနဲ့ပတ်သက်လို့ TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး မိုင်းဘုန်းကျော်က RFA ကို အခုလိုပြောပါတယ်။

"ဒီနေ့ မိုးမိတ်ဘက်မှာဖြစ်တယ်၊ ကျနော်တို့ တပ်မ ၃၁ မှာ၊ မြန်မာတပ်မတော်ဘက်က လာတိုက်ကြတာပါ၊ တိုက်ပွဲကတော့ သိပ်မကြာဘူး၊ နာရီဝက်၊ တစ်နာရီလောက်ပဲ ကြာတယ်၊ ဖြစ်လိုက်၊ နားလိုက် အဲ့လိုတော့ဖြစ်နေပါတယ်"

ကချင်ပြည်နယ် မိုးညင်းမြို့အရှေ့ဘက်မှာတော့ မြန်မာစိုးရတပ်က မနေ့က လေယာဉ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ ဒီနေ့တော့ တိုက်ပွဲမဖြစ်ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ ပလောင်ဒေသနဲ့ ရှမ်းပြည်နယ်မှာ မြန်မာ့တပ်မတော်ဘက်က ထိုးစစ်ဆင်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အခုလို တိုင်းရင်းသားနယ်မြေတချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ပတ်သက်လို့ မြန်မာငြိမ်းချမ်းရေး စင်တာရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ ကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org