ကော့ကရိတ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

ကော့ကရိတ်မြို့နယ်အတွင်း အစိုးရ တပ်တွေနဲ့ ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA တပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဟာ ဒီကနေ့မနက်၁၀နာရီခန့်ကစပြီး ညနေပိုင်းအထိ ဆက် တိုက်ဖြစ်ပွားလျက်ရှိတယ်လို့ DKBA တပ်ဖွဲ့ကပြောပါတယ်။

DKBA ကလို့ထူးဘော တပ်ဖွဲ့ဝင်တချို့ စစ်ရေးပြနေစဉ် Photo: Kyaw Lwin Oo/RFA

ကော့ကရိတ်မြို့နယ်အတွင်း အစိုးရတပ်တွေနဲ့ ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA တပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ဒီကနေ့မနက်၁၀နာရီခန့်ကစပြီး   ညနေပိုင်းအထိ ဆက်တိုက်ဖြစ်ပွားလျက်ရှိတယ်လို့ DKBA တပ်ဖွဲ့ကပြောပါတယ်။

အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့တာလို့ ကလိုထူးဖေါ ဗျူဟာထောက်လှမ်းရေးမှူး ဗိုလ်ကြီး စောသရီးထုူး ကပြောပါတယ်။

"အခုအခြေအနေက ပစ်နေတုန်းပဲ၊ ဒီနေ့တိုက်ပွဲက ၁ဝ နာရီ မိနစ် ၄ဝ မှာ စပါတယ်ခင်ဗျ၊ ၁၁ နာရီခွဲမှရပ်တယ်၊ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာသက်သက်ပဲ၊ အနီးကပ်တိုက်ပွဲ မဖြစ်သေးဘူး၊ ၁၁ ခွဲနောက်ပိုင်းမှာ သူတို့ခဏ ရပ်တယ် ပြီးတော့ သူတို့လူနဲ့တက်လာပြီးတော့ ၂ နာရီခွဲမှာ တိုက်ပွဲဖြစ်တာ အခုထိမပြီးသေးဘူး"

တိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ နှစ်မိုင်ဝန်းကျင်အကွာမှာရှိတဲ့ ဇောဟဲရွာကို အစိုးရတပ် စကခ၁၂ လက်အောက်ခံ တပ်တွေ ရောက်ရှိလာပြီး ၁၉နှစ်အရွယ် ကရင်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ DKBA က ပြောပါတယ်။

အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး DKBA နဲ့ အစိုးရအာဏာပိုင်တွေ ဘားအံမြို့မှာ မနက်ဖြန် ဆွေးနွေး ကြမယ်လို့ သိရပါတယ်။

KNU ကရင်အမျိုးသားအစည်းရုံးကလည်း တိုက်ပွဲတွေနဲ့ပတ်သက်ပြီး နှစ်ဘက်ညှိနိုင်းမှုတွေ ဆောင်ရွက်ပေးနေ တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org