AA လို့သံသယရှိသူ ၂၅ ဦးကို ကျောက်တော်ရဲစခန်းမှာ စစ်ဆေးနေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်နဲ့ ရန်အောင်ပြင်ရွာအနီးမှာ AA လို့ယူဆရသူ ၂၅ ဦးတို့ကို တပ်မတော်က ကျောက်တော်ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်နဲ့ ရန်အောင်ပြင်ရွာအနီးမှာ AA လို့ယူဆရသူ ၂၅ ဦးတို့ကို တပ်မတော်က ကျောက်တော်ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေပါတယ်။

သူတို့ကို ဇွန်လ ၁၄ ရက် မနေ့က တွေ့ရှိခဲ့တာဖြစ်ပြီး ၂၅ ယောက်စလုံးဟာ သူတို့နေထိုင်တဲ့ရွာ တွေမတူညီကြဘဲ တစ်စုတစ်စည်း ရောက်နေကြတာမို့ သံသယနဲ့ စစ်ဆေးနေဆဲဖြစ်တယ်လို့  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က RFA ကို ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခ ကတော့ တပ်မတော်ကစစ်ဆေးနေတဲ့ ၂၅ ယောက်ဟာ AA နဲ့ပတ်သက် သူတွေမဟုတ်ကြောင်း ဒေသခံရွာသားတွေပဲဖြစ်ကြောင်း RFA ကို ပြောပါတယ်။

လက်ရှိသူတို့တွေကို ကျောက်တော်မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားဆဲဖြစ်ပြီး AA နဲ့ ပတ်သက်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့သူတွေဆိုရင် တရားဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ် လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက ကျေးရွာတွေထဲမှာ AA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေတယ်လို့ သံသယရှိသူ တွေကို တပ်မတော်က ဝင်ရောက်ဖမ်းဆီးစစ်ဆေးခဲ့တာတွေရှိနေပြီး ပြီးခဲ့တဲ့ မေလလောက်ကလည်း ကျောက်တန်းရွာသားတွေကို စစ်ဆေးနေစဉ် သေဆုံးဒဏ်ရာရခဲ့သူတွေလည်း ရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org