အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော် တိုက်ပွဲ တစ်ဦးကျဆုံး
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ရက္ခိုင့် တပ်မတော် တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
-
2015-07-14 -
-
-
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ပလက်ဝမြို့နယ်အတွင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင်အမှတ် ၆၇၊ ၆၈ ကြား တွီပင်ချောင်းအနီးမှာ မနေ့က မနက်ပိုင်းက အစိုးရတပ်မတော် ခမရ-၃၈၀ တပ်ရင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ်မှာ နှစ်ဘက် တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံရဲ့ ခြေလျင်တပ်ရင်းနဲ့ နယ်ခြားစောင့်တပ်တွေက ဇူလိုင်လဆန်းပိုင်းကနေ ဒီနေ့အထိ နယ်စပ်တစ်လျှောက် နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတာကြောင့် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်တွေဟာ အစိုးရတပ်မတော် လုံခြုံရေးဆောင်ရွက်နေတဲ့ နေရာအနီးကို ရောက်ရှိလာပြီး တိုက်ပွဲဖြစ်တာလို့ အမည်မဖော်လိုတဲ့ တပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။