တနိုင်းမှာ တပ်မတော်နဲ့ KIA စစ်ရေးတင်းမာနေ

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ အခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

ကချင်ပြည်နယ်မှာ ကေအိုင်အေ တပ်သားတချို့ကို တွေ့ရစဉ်

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ အခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

တပ်မတော်ဘက်က ထိုးစစ်ဆင်တာတွေ ပြန်မရုပ်သေးတဲ့အတွက် စစ်ရေးက တင်းမာနေတာဖြစ်တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးနော်ဘူ က RFA ကို ပြောပါတယ်။

"ဟို ၂၇ ၊ ၂၈ မှာ တိုက်ပွဲဖြစ်တယ်၊ ဒီ နှစ်ရက် သုံးရက်ကတော့ ပြန်အေးနေပြီ၊ ဒါပေမဲ့ တပ်မတော်ဘက်က ထိုးစစ်ဆင်တာ ပြန်မရုပ်သေးတဲ့အတွက် စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲဖြစ်ပါတယ်"

KIA တပ်ရင်း (၁၄) နယ်မြေမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံတွေဟာ ပြီးခဲ့တဲ့ ၆ လလောက်ထဲက နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်မယ်ဆိုတဲ့ သတိပေးချက်တွေကြောင့် နေရပ်စွန့်ခွာသွားခဲ့ကြပြီး ဖြစ်ပါတယ်။

ရွာစောင့်ကျန်နေခဲ့ကြသူတွေကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ထဲက တိုက်ပွဲအခြေအနေရှိနေတယ် ဆိုတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြပြီးဖြစ်တယ်လို့ ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဟာ အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့ဖြစ်ပါတယ်။

KIA ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကုန်ပိုင်းက အစိုးရနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ် သလို လက်ရှိမှာလည်း NCA လမ်းစဉ်အတိုင်းမဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးဖို့ တောင်းဆိုထားတဲ့ ပြည်ထောင် စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ FPNCC အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org