ပလက်ဝမြို့အနီး မဲရုံတွေ တပ်မတော်လုံခြုံရေးယူမည်

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်အစပ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေဖြစ် ပွားခဲ့တာကြောင့် အဲ့ဒီဒေသတွေက မဲရုံတွေလုံခြုံရေးအတွက် တပ်မတော်ရဲ့ အကူအညီယူသွားမယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးနေမျိုး ကို သြဂုတ်လ ၂၇ ရက်နေ့က စစ်တွေမြို့မှာတွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အစပ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် အဲ့ဒီဒေသတွေက မဲရုံတွေလုံခြုံရေးအတွက် တပ်မတော်ရဲ့ အကူအညီယူသွားမယ် လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ စစ်တွေမြို့ ရပ်မိရပ်ဖတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲကာလ အတွင်း လုံခြုံရေးဆောင်ရွက်မယ့် အခြေအနေတွေကို ဆွေးနွေးရာမှာ ရဲမှူးကြီးနေမျိုးက ပြောခဲ့တာဖြစ်ပါတယ်။

"ဒီ ပလက်ဝနဲ့ဆပ်စပ်တဲ့ ကျောက်တော်ရဲ့နယ်မြေမှာ ဒါတွေကလည်း တောင်ပေါ်ဒေသတွေမှာ လုံခြုံရေးစနစ်တွေကို တပ်မတော်နဲ့ရော နယ်မြေနဲ့ရော သွားတဲ့နေရာမှာ အဲ့ဒီအတွက် လုံခြုံရေးဟာ လိုအပ်လာပြီဆိုရင် တပ်မတော်ရဲ့ အကူအညီကိုပါလိုအပ်နေတဲ့ အနေအထားရှိပါတယ်"

ဒ့ါအပြင် ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေမြို့နယ်မှာရှိတဲ့ မွတ်စလင်ဒုက္ခသည်စခန်းတွေမှာ ထားမယ့် မဲရုံတွေနဲ့ ဆန္ဒမဲပုံးလုံခြုံရေးကိုလည်း အလေးထားဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မှာ မဲရုံပေါင်း ၂၅ဝဝ ကျော်ထားရှိမှာ ဖြစ်ပါတယ်။ မဲရုံတစ်ရုံမှာ အရန်ရဲ ၁ ဦးစီနဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေလည်း ထားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲအတွက် ရဲတပ်ဖွဲ့က ခေါ်ယူခန့်အပ်ဖို့ ပြင်ဆင်နေတဲ့ အထူးရဲတွေထဲမှာ အရက်သေစာသောက်စား သူတွေ ပါဝင်နေတာကြောင့် မဲရုံလုံခြုံရေးအတွက် ပြန်လည်စဉ်းစားပေးဖို့ ဆွေးနွေးပွဲတက်ရောက်လာသူတွေ က ထောက်ပြပြောဆိုခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org