ပေါက်တောပြင် ဒုက္ခသည်စခန်းကို ဝင်စစ်ဖို့ တပ်မတော်ကြိုးစား

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှာရှိတဲ့ ပေါက်တောပြင် ဘုန်ကြီးကျောင်း က စစ်ဘေးရှောင်စခန်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ဝင်ရောက်ခိုလှုံနေတဲ့ သတင်းအရ တပ်မတော်က ဝင်ရောက်စစ်ဆေးခွင့်ပေးဖို့ ဘုန်းကြီးကျောင်းအပြင်မှာ အင်အား ၂၀၀ လောက်နဲ့ မနက်က ညနေအထိ စောင့်ဆိုင်းနေတယ်လို့ ပေါက်တောပြင် စစ်ရှောင်စခန်း တာဝန်ခံ အရှင်သဘာဝနဒီက မိန့်ကြားပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသရှိ ပေါက်တောပြင် ဘုန်ကြီးကျောင်းကို ဝင်ရောက်စစ်ဆေးခွင့်ပေးဖို့ ၂၀၁၉၊ ဇွန် ၁၀ ရက်နေ့က ဘုန်းကြီးကျောင်းအပြင်မှာ တပ်မတော်သားတွေ စောင့်ဆိုင်းနေကြစဉ် ဓါတ်ပုံ - သဘာဝနဒီ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှာရှိတဲ့ ပေါက်တောပြင် ဘုန်ကြီးကျောင်းက စစ်ဘေးရှောင်စခန်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ဝင်ရောက်ခိုလှုံနေတဲ့ သတင်းအရ တပ်မတော်က ဝင်ရောက်စစ်ဆေးခွင့်ပေးဖို့ ဘုန်းကြီးကျောင်းအပြင်မှာ အင်အား ၂၀၀ လောက်နဲ့ မနက်က ညနေအထိ စောင့်ဆိုင်းနေတယ်လို့ ပေါက်တောပြင် စစ်ရှောင်စခန်း တာဝန်ခံ အရှင်သဘာဝနဒီက မိန့်ကြားပါတယ်။

ဒီနေ့မနက် ၉ နာရီလောက်မှာ တပ်မတော်က အင်အား ၄၀ လောက်နဲ့ ပေါက်တောပြင် ဘုန်းကြီးကျောင်းက စစ်ဘေးရှောင်စခန်းကို ဝင်ရောက်စစ်ဆေးခွင့်တောင်းရာမှာ တပ်မတော်သား ယူနီဖောင်းနဲ့ဆိုရင် စစ်ဘေးဒုက္ခသည်တွေက ထိတ်လန့်တာကြောင့် ဝင်ရောက်စစ်ဆေးခွင့်မပြုဘဲ အရပ်ဝတ်နဲ့သာ ဝင်ရောက်စစ်ဆေးဖို့ စခန်းတာဝန်ခံ ဆရာတော် အရှင်သဘာဝနဒီ က တပ်မတော်အရာရှိတွေကို မိန့်ကြားပါတယ်။

ဆရာတော်ရဲ့ အခုလို မိန့်ကြားချက်ကို တပ်မတော်ဘက်က လက်မခံဘဲ ညနေအထိ ဘုန်းကြီးကျောင်းအပြင်မှာ အင်အားထပ်တိုးပြီး စစ်ဆေးခွင့်ရဖို့ စောင့်ဆိုင်းနေတာဖြစ်တယ်လို့ အရှင်သဘာဝနဒီက RFA ကို မိန့်ပါတယ်။

တပ်မတော်သားတွေရဲ့ လက်မောင်းတံဆိပ်မှာတော့ နံပါတ် ၂၂ လို့ ရေးထားတာတွေ့ရပြီး ဘယ်တပ်ကဆိုတာကိုတော့ အတည်ပြုမပေးနိုင်ဘူးလို့ အရှင်သဘာဝနဒီက မိန့်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ လိုအပ်ချက်အရ ဝင်ရောက်စစ်ဆေးခွင့်တောင်းခဲ့တာဖြစ်ကြောင်းနဲ့ စစ်ဆေးပြီးပြီးလား၊ မစစ်ဆေးရသေးဘူးလားဆိုတာ အတိအကျ မသိရကြောင်း RFA ကို ပြောပါတယ်။

ပေါက်တောပြင် စစ်ဘေးရှောင်စခန်းမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၃၀၀၀ ကျော်ရှိပြီး အများစုက တိုက်ပွဲဖြစ်လို့ တိမ်းရှောင်လာကြတာထက် ရွာထဲကို တပ်မတော်က တပ်စွဲနေထိုင်တာ၊ တပ်မတော်က ဖြတ်သန်းသွားလာတာတွေကြောင့် ရွာတွေကနေ ကြောက်ရွံ့ပြီး စစ်ဘေးဒုက္ခသည်စခန်းကို ရောက်လာတဲ့သူတွေများတယ်လို့ ဆရာတော်က မိန့်ပါတယ်။

ပေါက်တောပြင် ဘုန်းကြီးကျောင်းက စစ်ဘေးဒုက္ခသည်စခန်းမှာ ရောက်လာတဲ့သူတွေမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေများပြီး ပုဏ္ဏားကျွန်းမြို့နယ်ထဲက ရဟတ်တောင်၊ ဂန်းဂါ၊ ပိုးရွီပြင်၊ ကြက်စာသလဲ၊ ခနောင်းကြီး စတဲ့ ရွာ ကိုးရွာက ထွက်ပြေးတိမ်းရှောင်လာကြတဲ့သူတွေလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org