အစိုးရထပ်တိုးဘတ်ဂျတ်ထဲက ဘီလီယံ ၇၀ ကျော်ကို လွှတ်တော်ဖြတ်တောက်

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ၂၀၁၇-၁၈ ထပ်တိုးဘတ်ဂျက် စုစုပေါင်း ငွေကျပ် ၂၅၄၄ ဘီလီယံထဲက ဘီလီယံ ၇၀ ကို ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပစဉ် Photo: Myanmar Union Parliament Facebook

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ၂၀၁၇-၁၈ ထပ်တိုးဘတ်ဂျက်  စုစုပေါင်း ငွေကျပ် ၂၅၄၄ ဘီလီယံထဲက ဘီလီယံ ၇၀ ကို  ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်လိုက်ပါတယ်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ၆၆ ဘီလီယံသာဖြတ်တောက်ဖို့ အဆိုပြုပေမယ့် ပုလဲမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မြင်းခြံသံမဏိစက်ရုံအတွက် ကျပ်သန်းပေါင်း ၄၂၀၀ ဖြတ်တောက် ဖို့ကို လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။

အဲဒီလိုဖြတ်တောက်ရာမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနကို ၂၉ ဘီလီယံနီးပါးနဲ့ အများဆုံးဖြတ်တောက်ခဲ့သလို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ကျပ်သန်း ၅၀နီးပါးနဲ့ အနည်း ဆုံးဖြတ်တောက်ခဲ့တာပါ။

ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်ဘီလီယံ ၁၈၀ နီးပါးတောင်းခံတာကို ကျပ် ၁ ဘီလီယံကျော် ဖြတ်တောက် ခဲ့ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာနတောင်းခံငွေ ၁၃ ဒသမ ၅ ဘီလီယံကျော်ထဲက ကျပ် ၂ ဘီလီယံနီးပါး လည်း ဖြတ်တောက်ခဲ့ပါတယ်။

ဘက်ဂျက်ကို စိစစ်တဲ့နေရာမှာရခိုင်အရေးလို မဖြစ်မနေဆောင်ရွက်ရမယ့်ကိစ္စတွေ၊ နိုင်ငံတော်ရဲ့ ရငွေပိုင်းကို တိုးတက်စေမယ့်ကိစ္စတွေ၊ ဒီနှစ်အတွင်းပြီးစီးမယ့် စီမံကိန်းတွေကို ပေးခဲ့တာလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org