မြို့တော်ခန်းမပိတ်ဆို့ ဆန္ဒပြသူတွေကို အရေးယူမည်

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေကြတဲ့ မိကျောင်းကန် ပြည်သူတွေ ဟာ ဥပဒေကို ချိုးဖောက်ပြီး အစိုးရဋ္ဌာန ရုံးတစ်ခုကို ပိတ်ဆို့နေကြတာဖြစ်တဲ့အတွက် တရားဥပဒေ အတိုင်း အရေးယူသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ မိကျောင်းကန်ပြည်သူများ ကို ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ် Photo: Thiha Tun,Tun Myint/RFA

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေကြတဲ့ မိကျောင်းကန် ပြည်သူတွေဟာ ဥပဒေကို ချိုးဖောက်ပြီး အစိုးရဋ္ဌာနရုံးတစ်ခုကို ပိတ်ဆို့နေကြတာဖြစ်တဲ့အတွက် တရားဥပဒေအတိုင်း အရေးယူသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြို့တော်ခန်းမကို ပိတ်ဆို့ပြီး လေးရက်မြောက်နေ့အဖြစ် ဆန္ဒပြနေကြတဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ရပ်ကွက် အပိုင်း (၁-၂-၃) က ပြည်သူတွေနဲ့ ပတ်သက် ပြီး သတင်းမီဒီယာတွေက မေးမြန်းရာမှာ ဗိုလ်မှူးကြီး တင်ဝင်းက အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

"ရုံးဌာနတစ်ခုကို ပိတ်ထားတာဟာ ဥပဒေမဲ့လုပ်တာလား၊ ဥပဒေနဲ့လုပ်တာလား၊ ဥပဒေမဲ့လုပ်တယ်ဆိုရင် ဥပဒေနဲ့ အရေးယူရမှာပေါ့၊ ကျနော်တို့က ဥပဒေချိုးဖောက်တဲ့လူမှန်သမျှကို ဥပဒေနဲ့အညီ အရေးယူရမှာပဲ၊ ဒီအတိုင်းထားလို့မရဘူး၊ ဒီအတိုင်းထားရင် အကုန်လုံးက ဒုက္ခရောက်ကုန်မှာပေါ့၊ သူတို့ကိုလည်း ကျနော်တို့ကပြောပြီးပြီ၊ သူတို့ဘာကိုလိုလားလဲ၊ မရတဲ့ဟာတစ်ခုကို ကိုယ်မပိုင်ဆိုင်တဲ့ဥစ္စာ အတင်းတောင်းဆိုလို့မရဘူး၊ သူ့ဟာသူပိုင်ဆိုင်တယ်ဆိုရင် ပိုင်ဆိုင်ခွင့်အထောက်အထားတွေနဲ့ တင်ပြရမယ်"

ဒါ့အပြင် မိကျောင်းကန် မြေယာသိမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများစုံစမ်းရေးကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်ကို စောင့်သင့်ကြောင်းနဲ့ အခုလို ဥပဒေပြင်ပက လုပ်ဆောင်မူတွေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ပြောပါတယ်။

မိကျောင်းကန်ပြည်သူတွေဟာ သိမ်းဆည်းခံရတဲ့မြေတွေပြန်ရဖို့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ သပိတ်စခန်းဖွင့်ဆန္ဒပြနေတာ ၉ လနီးပါးရှိပြီး မြို့တော်ခန်းမရဲ့ ထွက်ပေါက်တစ်ခုကို ပိတ်ဆို့ဆန္ဒပြနေတာ ၄ ရက်ရှိပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org