KIA ဗိုလ်ချုပ် ဂွမ်မော် အမေရိကန် ရောက်ရှိ

မြန်မာနိုင်ငံအရေးနဲ့ ကချင်ပြည်နယ် အရေးတွေ တင်ပြဆွေးနွေးဖို့ KIA ကချင်လွတ်မြောက်ရေး တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ အဖွဲ့ဟာ ဒေသအချိန် ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က နိုဝင်ဘာလ ၁၈ ရက်နေ့က ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းမှာရှိတဲ့ Business Alliance Hotel မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့စဉ် photo: RFA/ Kyaw Zaw Win

မြန်မာနိုင်ငံအရေးနဲ့ ကချင်ပြည်နယ်အရေးတွေ တင်ပြဆွေးနွေးဖို့ KIA ကချင်လွတ်မြောက်ရေး တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ အဖွဲ့ဟာ  ဒေသအချိန် ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ဒီခရီးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က အခုလို ပြောပါတယ်။

"ကျနော်က အခုဒီမှာ ကျနော်တို့ မြန်မာနိုင်ငံအရေး ကချင်အရေး စိတ်ပါဝင်စားတဲ့သူများ မိတ်ဆွေများနဲ့ ဖြစ်နိုင်လို့ရှိရင်တော့ ဒီမှာရှိတဲ့အစိုးရပိုင်းက တာဝန်ရှိတဲ့သူများကို ကျနော်တို့အခြေအနေလေး တင်ပြနိုင်ဖို့အတွက် လာခဲ့တာဖြစ်ပါတယ်၊ ကျနော်တို့ လေးယောက်လာပါတယ်"


ဗိုလ်ချုပ်ဂွမ်မော်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့တာလို့သိရပြီး၊  အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိတွေ၊ အမေရိကန်လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့ဟာ  အမေရိကန်ပြည်ထောင်စုမှာ ၁၂ ရက်ကြာ နေထိုင်မယ်လို့သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org