မူဆယ်မှာ ယမ်းမှုန့်တွေ ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းရွာ အနီးမှာ အင်အားပြင်းယမ်းမှုန့်တွေပါတဲ့ သံပုံး ၅၀ သယ်ဆောင်လာသူ ၃ ဦးကို မြို့နယ်လုံခြုံရေး ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ရှမ်းလက်နက် ဥပဒေနဲ့ အမှုဖွင့်အရေးယူ ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းရွာအနီးမှာ အင်အားပြင်းယမ်းမှုန့်တွေပါတဲ့ သံပုံး ၅၀ သယ်ဆောင်လာသူ ၃ ဦးကို မြို့နယ်လုံခြုံရေး ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ရှမ်းလက်နက် ဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။

ဖမ်းဆီးခံထားရသူ ၃ ဦးထဲမှာ ကေအိုင်အေ တပ်ဖွဲ့ဝင် ၂ ဦးပါဝင်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒုတိယရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။

"ယာဉ်ကိုမောင်းလာတဲ့သူကတော့ ကိုကိုထွန်းပေါ့၊ ၃ ဦးကိုမိပါတယ်၊ KIA လက်နက်ကိုင် အဖွဲ့အစည်းက တပ်ကြပ်အဆင့်ရှိတယ်လို့ သိရပါတယ်၊ ဝပြည်ကနေ ဆင့်ကဲ၊ ဆင့်ကဲသယ်လာပြီးတော့ လိုင်ဇာကိုပို့မှာပေါ့နော်၊ လိုင်ချီးသီးဖာတွေကို ဖုံးအုပ်ပြီးသယ်လာတာ မသင်္ကာလို့ ရပ်တန့်ပြီးရှာဖွေတဲ့အခါမှာ ယမ်းပြင်းပုံး ၅၀ ကိုတွေ့ပါတယ်၊ ယာဉ်မောင်းရယ်၊ ပါလာတဲ့သူတွေရယ်၊ ပါကျဲရိုးကားပေါ့နော်၊ တရားခံ ၃ ဦးနဲ့ ယမ်းပြင်းပုံး ၅၀ သိမ်းဆည်းရမိပါတယ်"

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က မူဆယ်မြို့နယ် မော်တောင်းရွာဘက်ကနေ မူဆယ်ဘက်ကိုလာတဲ့ ကားတစ်စီးကို စစ်ဆေးရာမှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီယမ်းမှုန့်တွေကို ကျည်ဆန်နဲ့ အင်အားပြင်းဒုံးပျံတွေ ပြုလုပ်တဲ့နေရာမှာ အသုံးပြုလို့ ရကြောင်းလည်း ဒုတိယ ရဲမှူးကြီး က ပြောပါတယ်။

မူဆယ်မြို့နယ်ရဲစခန်း ရဲအရာရှိတစ်ဦးက တရားလိုလုပ်ပြီး အမှုဖွင့်ထားတာဖြစ်ပြီး ရှမ်းလက်နက် ဥပဒေအရ ပြစ်ဒဏ်အမြင့်ဆုံး ၇ နှစ်အထိ အရေးယူခံရနိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org