ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၁ဝဝ နီးပါးရှိလာပြီ
မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရာသီတုတ်ကွေး H1N1 ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ ၁ဝဝ နီးပါး အရေအတွက်ကို ရောက်ရှိလာပြီလို့ အစိုးရ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
-
2019-08-18 -
-
-
မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရာသီတုတ်ကွေး H1N1 ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ ၁ဝဝ နီးပါး အရေအတွက်ကို ရောက်ရှိလာပြီလို့ အစိုးရ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သောကြာနေ့က ထုတ်ပြန်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကြေညာချက်အရ ရာသီတုပ်ကွေးရောဂါကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီး သေဆုံးသူဟာ သြဂုတ် ၁၇ ရက် သောကြာနေ့အထိ ၉၆ ဦးရှိသွားပြီလို့ သိရပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့ကနေ သြဂုတ် ၁၆ ရက်နေ့အထိ ဓာတ်ခွဲ စစ်ဆေးချက်များအရ ကူးစက်ခံရသူ ရောဂါသည်အရေအတွက်ဟာ ၄၆၃ ဦးရှိပြီး ရန်ကုန်တိုင်းက ၆၆ ဦးနဲ့ အများဆုံး၊ ဧရာဝတီတိုင်းက ၁၂ ဦးနဲ့ ဒုတိယအများဆုံးနဲ့ ပဲခူးတိုင်းမှာ ၇ ဦး၊ စစ်ကိုင်းတိုင်းမှာ ၃ ဦး၊ မကွေးတိုင်းမှာ ၂ ဦးရှိတယ်လို့ သိရပါတယ်။
အစိုးရကျန်းမာရေးဌာနတွေဟာ စနေ၊ တနင်္ဂနွေနေ့တွေမှာ သတင်းထုတ်ပြန်ခြင်း၊ သတင်းမီဒီယာ ဆက်သွယ်မေးမြန်းချက်တွေကို ဖြေကြားခြင်းမရှိတဲ့အတွက် စနေ၊ တနင်္ဂနွေနေ့တွေမှာ နောက်ထပ် သေဆုံးမှု နောက်ဆုံးစာရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။