H1N1 ရောဂါအရေး ကူညီဖို့ WHO ကို တောင်းခံထား

မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အကူအညီပေးဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကို တောင်းခံထားပြီလို့ သိရပါတယ်။

H1N1 ရာသီတုပ်ကွေးကြောင့် နှာခေါင်းစည်းတပ်ထားသူတွေကို တွေ့ရစဉ် Photo: Thant Zin Oo/RFA

မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အကူအညီပေးဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကို တောင်းခံထားပြီလို့ သိရပါတယ်။

ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်လို့ WHO အဖွဲ့ကို မနေ့က တရားဝင်အစီရင်ခံစာ တင်သွင်းလိုက်ပြီလို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာပါတဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် နဲ့ တွေ့ဆုံမေးမြန်းချက်မှာ ဖော်ပြထားပါတယ်။

H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေတာ မှန်ပေမယ့် ကပ်ရောဂါအသွင် မဟုတ်တဲ့အတွက် လောလောဆယ်မှာ အရေးပေါ်အခြေအနေအဖြစ် မကြေညာဘဲ၊ ကူးစက်မှုမပြန့်ပွားအောင် ကာကွယ်ထိန်းချုပ်နိုင်တဲ့ အဆင့်အဖြစ်သာ သတ်မှတ်တဲ့အကြောင်း ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကြိုတင်ကာကွယ်ရေး နှိုးဆော် ချက်တွေကို လိုက်နာဆောင်ရွက်မယ်ဆိုရင် ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ကုသနိုင်မှာ ဖြစ်တဲ့အတွက် မစိုးရိမ်ကြဖို့လည်း ပြောပါတယ်။ ရောဂါထိန်းချုပ်ဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေတင်မကဘဲ၊ တခြားဌာန ဝန်ထမ်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ပြည်သူတွေအားလုံးပူးပေါင်းပြီး ဆောင်ရွက်သွားကြဖို့လည်း ဒေါက်တာ သန်းထွန်းအောင်က တိုက်တွန်းလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org