H1N1 ကူးစက်မှု ထူးကဲအဆင့် သတ်မှတ်ထား

ရာသီတုပ်ကွေးရောဂါ H1N1 ဟာ ပြီးခဲ့တဲ့ ၅ နှစ်တာကာလထက် ဖြစ်ပွားနှုန်း ၂ ဆကျော်ရှိတဲ့ အတွက် ထူးကဲအဆင့် outbreak လို့ သတ်မှတ်ထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ပြောပါတယ်။

H1N1 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်းတပ်ထားသူတွေကို တွေ့ရစဉ် Photo: Thant Zin Oo/RFA

ရာသီတုပ်ကွေးရောဂါ H1N1 ဟာ ပြီးခဲ့တဲ့ ၅ နှစ်တာကာလထက် ဖြစ်ပွားနှုန်း ၂ ဆကျော်ရှိတဲ့အတွက် ထူးကဲအဆင့် outbreak လို့ သတ်မှတ်ထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

လက်ရှိမှာ ရောဂါပိုးတွေ့ရှိထားသူတွေများနေသလို သေဆုံးသူတွေလည်းရှိနေတာကြာင့် ထူးကဲအဆင့် သတ်မှတ်ထားပေမဲ့ ကပ်ရောဂါလို့တော့ မသတ်မှတ်သေးဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။

"လူအဖြစ်များလာတယ်၊ ကူးစက်မှုများလာတယ်၊ သေဆုံးမှုလေးတွေလည်း ရှိလာတယ်ပေါ့၊ အဲဒါကြောင့် Outbreak အနေနဲ့ သတ်မှတ်တာပေါ့၊ ကပ်အနေနဲ့ မသတ်မှတ်သေးပါဘူး။"

ဒီနေ့မွန်းလွဲပိုင်းအထိ စာရင်းအရ H1N1 ကြောင့် သေဆုံးသူ ၁ ဦး ထပ်တိုးလာတာကြောင့် စုစုပေါင်းသေဆုံးသူ ၁၇ ဦး ရှိသွားပြီ ဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ပြောပါတယ်။  

H1N1 ရောဂါပိုးတွေ့ရှိသူဟာလည်း ၁၂ ဦးထပ်တိုးလာတာကြောင့် ၁၆၆ ဦး ရှိသွားပြီလည်း ဖြစ်ပါတယ်။

အဲဒီထဲကမှ ၇၆ ဦးက ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံက ပြန်ဆင်းသွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

H1N1 ရောဂါပိုးတွေ့ရှိသူတွေနဲ့ သေဆုံးသူတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုများလာနေတာကိုလည်း တွေ့ရ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org