ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၁၆ ဦးရှိလာ

ရာသီတုပ်ကွေး H1N1 ရောဂါပိုးကြောင့် ၁ ဦး ထပ်မံသေဆုံးသွားသလို ကူးစက်ခံရသူ ၈ ဦး ထပ်တိုးလာတယ် လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ပြောပါတယ်။

H1N1 ရာသီတုပ်ကွေးကြောင့် နှာခေါင်းစည်းတပ်ထားသူတွေကို တွေ့ရစဉ် Photo: Thant Zin Oo/RFA

ရာသီတုပ်ကွေး H1N1 ရောဂါပိုးကြောင့် ၁ ဦး ထပ်မံသေဆုံးသွားသလို ကူးစက်ခံရသူ ၈ ဦး ထပ်တိုးလာတယ် လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ပြောပါတယ်။

ဒီနေ့အထိ စာရင်းအရ သေဆုံးသူ ၁၆ ဦးနဲ့ ရောဂါပိုးတွေ့ရှိသူ ၈ ဦးထပ်တွေ့ထားတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာ ဘီလတောင် က ပြောပါတယ်။

"တစ်ဦးထပ်သေတာပေါ့၊ စုစုပေါင်း ၁၆ ဦးပါခင်ဗျ၊ သံသယလူနာ ၂၂ ဦးကို စစ်ကြည့်လိုက်တော့ ၈ ဦး ထပ်တွေ့တယ်ပေါ့နော်"

ထပ်မံသေဆုံးသွားသူတစ်ဦးဟာ ဧရာဝတီတိုင်းက ဖြစ်တယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ရောဂါပိုးတွေ့တဲ့လူနာ ၁၅၄ ဦး ရှိသွားပြီလည်း ဖြစ်ပါတယ်။

အဲဒီထဲကမှ ၆၃ ဦးက ကျန်းမာရေး ကောင်းမွန်လို့ ဆေးရုံက ပြန်ဆင်းသွားပြီဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီစာရင်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး လက်ရှိအချိန်အထိ ပြုစုထားတဲ့စာရင်းတွေလည်း ဖြစ် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org