ဦးဟန်ညောင်ဝေ ကို ဗီဇာသက်တမ်း တိုးမပေး

သမ္မတဟောင်း စပ်ရွှေသိုက်ရဲ့သား ဦးဟန်ညောင်ဝေ ဆိုသူကို မြန်မာအစိုးရက ဗီဇာသက်တမ်း တိုးမပေးတဲ့အတွက် ဇွန်လ ၉ ရက်နေ့မှာ မြန်မာပြည်က ထွက်ခွာခဲ့ရကြောင်း ရှမ်း သံတော်ဆင့်သတင်းဌာနက အင်္ဂါနေ့ မနေ့က ရေးသား လိုက်ပါတယ်။

သမ္မတဟောင်း စပ်ရွှေသိုက်ရဲ့သား ဦးဟန်ညောင်ဝေ ဆိုသူကို မြန်မာအစိုးရက ဗီဇာသက်တမ်း တိုးမပေးတဲ့အတွက် ဇွန်လ ၉ ရက်နေ့မှာ မြန်မာပြည်က ထွက်ခွာခဲ့ရကြောင်း ရှမ်းသံတော်ဆင့်သတင်းဌာနက အင်္ဂါနေ့ မနေ့က ရေးသားလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခွန်ဆိုင်းက ပြည်တွင်းငြိမ်းချမ်းရေးမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်ဆောင်ရွက်နေသူတဦးဖြစ်တဲ့ ဦးဟန်ညောင်ဝေကို အခုလို NLD အစိုးရက ပြည်တွင်းနေထိုင်ခွင့် တိုးမပေးတဲ့ အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေကြောင်းနဲ့ အရင်နှစ်တွေတုန်းကဆိုရင် တနှစ်ကြာနေထိုင်ခွင့်ကို အလွယ်တကူရခဲ့ကြောင်း ပြောပါတယ်။

ဦးဟန်ညောင်ဝေကို အစိုးရနဲ့ တိုင်းရင်းသားတွေအကြား ဆွေးနွေးနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ မှာ ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေသူအဖြစ် နိုင်ငံရေးအကဲခတ်တချို့က ပြောဆိုနေကြတယ်လို့လည်း ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ ဇွန် ၁၃ သတင်းမှာ ဖေါ်ပြထားပါတယ်။

အခုလို ရှမ်းသံတော်ဆင့်ရဲ့ ရေးသားချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အရာရှိပိုင်းက ထုတ်ပြန်ပြောကြားခြင်း တစ်စုံတရာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org