အမုန်းစကားတွေ မပြောစို့ လှုပ်ရှားမှုမှာ သြဇာတိက္ကမ ကြီးသူတွေ ပါဝင်ဖို့လိုအပ်

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူမျိုးရေး ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေပြေလည်ဖို့ အမုန်းစကား တွေမပြောစို့ ဆိုတဲ့လှုပ်ရှားမှုမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တွေနဲ့ အောင်မြင်ကျော်ကြားနေသူတွေ သြဇာတိက္ကမကြီးသူတွေပါဝင်လာဖို့ အထူး လိုအပ်တယ်လို့ USIP ခေါ် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့က ဘာသာရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဌါနရဲ့ အကြီးတန်းအရာရှိ Ms. Susan Hayward ကပြောဆိုလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ ဧပြီလ ၂၄ နေ့ ကပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတစ်ခုကို တွေ့ရစဉ် photo:RFA

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူမျိုးရေးဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေပြေလည်ဖို့ အမုန်းစကား တွေမပြောစို့ ဆိုတဲ့လှုပ်ရှားမှုမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တွေ နဲ့ အောင်မြင်ကျော် ကြားနေသူတွေ သြဇာတိက္ကမကြီးသူတွေပါဝင်လာဖို့ အထူးလိုအပ်တယ်လို့ USIP ခေါ် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့က ဘာသာရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဌါနရဲ့ အကြီးတန်းအရာရှိ Ms. Susan Hayward ကပြောဆို လိုက်ပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားနဲ့ ဘာသာရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ မနေ့ နေ့လည်ကပြုလုပ်တဲ့ဆွေးနွေးပွဲတခုမှာ Ms. Susan Hayward ကအခုလိုပြောလိုက်တာပါ။

ဒါ့အပြင် ပြုပြုင်ပြောင်းလဲရေးအတွက် နောက်လာမယ့် ၂ နှစ်အတွင်း ရွေးကောက်ပွဲအကြိုမဲဆွယ် ကာလတွေမှာလဲ တရားဥပဒေစိုးမိုးရေးကိစ ္စတွေ၊ နိုင်ငံရေး၊ စီးပွါးရေးဆိုင်ရာကိစ္စတွေကို အဓိက ပြောဆိုဆွေးနွေးဖို့လိုအပ်ပါတယ် လို့ ပြောသွားတာပါ။

အဲဒီဆွေးနွေးပွဲမှာ Asia Society နဲ့ USIP အဖွဲ့ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ်တဦးဖြစ်တဲ့ Ms. Priscilla Clapp နဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအရင်းအမြစ်များအဖွဲ့က သုတေသီ ဦးဝင်းမင်းတို့လဲ ပါဝင်ဆွေးနွေးခဲ့ကြပါတယ် ။ ဆွေးနွေးပွဲကို အမေရိကန်အသင်းအဖွဲ့တွေက ပုဂ္ဂိုလ်တွေ အယောက် ၃ဝ နီးပါးတက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်လက်တင်ပြပါလိမ့်မယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org