ပျောက်ဆုံး ကယ်ဆယ်ရေးသမား ၃ ဦး ပြန်လည်တွေ့ရှိ

ခါကာဘိုရာဇီတောင်ကနေ ပြန်အဆင်း မှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ရင်း အဆက် အသွယ်ပြတ်တောက်ပျောက်ဆုံးနေတဲ့ ထိုင်း B4 ရဟတ် ယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၃ ဦးနဲ့ ဒီနေ့ညနေပိုင်းမှာ အဆက်အသွယ် ပြန်လည်ရရှိခဲ့ကြောင်း ထူးဖောင်ဒေးရှင်း တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ ထိုင်း B4 ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါ သွားပြီး ပြန်လည်ရောက်ရှိလာတဲ့ ဦးရွှေရင်တော်ကြီးကို ထူးဖောင်ဒေးရှင်း ဥက္ကဌ ဦးတေဇနဲ့အတူ တွေ့ရစဉ် Photo: U Tay Za

ခါကာဘိုရာဇီတောင်ကနေ ပြန်အဆင်းမှာ ပျောက် ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရင်း အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေတဲ့ ထိုင်း B4 ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၃ ဦးနဲ့ ဒီနေ့ညနေပိုင်းမှာ အဆက်အသွယ် ပြန်လည်ရရှိ ခဲ့ကြောင်း ထူးဖောင်ဒေးရှင်း တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

B4 ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ၃ ဦး ဟာ နောင်မွန်မြို့နယ် ဂတ်ထုကျေးရွာနဲ့ ၄ မိုင်ခန့် အကွာမှာရှိတဲ့ လန်ဆာကျေးရွာကို ဒီနေ့ညနေပိုင်း မှာ ပြန်လည်ရောက်ရှိလာကြတယ်လို့ ထူးဖောင်ဒေးရှင်း ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကို က ပြောပါတယ်။

လန်ဆာကျေးရွာကို ပြန်လည်ရောက်လာသူတွေ ကတော့ ထိုင်းနိုင်ငံက ရဟတ်ယာဉ်မှူး တစ်ဦး၊ မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနဲ့ ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်ရဲ့တူဖြစ်သူ ဦးရွှေရင်တော်ကြီးတို့  ၃ ဦး ဖြစ်ပါတယ်။

B4 ရဟတ်ယာဉ်ဟာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် ထူးဖောင်ဒေးရှင်းက ထိုင်းနိုင်ငံ Advance Aviation Co ကို ငှားရမ်းထားတာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့ အခြေစိုက်တဲ့ တဟွန်ဒမ်းကျေးရွာကို စက်တင်ဘာ၂၇ ရက် နေ့လယ်ပိုင်းက ပူတာအိုကနေ ရိက္ခာပို့ဖို့အသွား ပျံသန်းချိန် မိနစ် ၂၀ အကြာမှာ အဆက်အသွယ် ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org