ရှိတ်ဟာစီနာ နိုင်ငံကိုပြန်မယ်လို့ သားဖြစ်သူပြောကြား
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာဟာ ပြည်သူအများအပြားသေဆုံးခဲ့ရတဲ့ ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီးနောက်မှာ အိန္ဒိယနိုင်ငံကို တနင်္လာနေ့က ထွက်ပြေးသွားခဲ့ပါတယ်။
-
RFA Burmese
2024-08-09 -
-
-
ဘင်္ဂလားဒေ့ရှ် လက်ရှိအိမ်စောင့်အစိုးရက ရွေးကောက်ပွဲကျင်းပဖို့ ဆုံးဖြတ်ကြေညာပြီးတဲ့အခါ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက တိုင်းပြည်ကို ပြန်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ဟောင်းရဲ့ သား Sajeeb Wazed က ဩဂုတ် ၉ ရက်နေ့ က ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာဟာ ပြည်သူအများအပြားသေဆုံးခဲ့ရတဲ့ ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီးနောက်မှာ အိန္ဒိယနိုင်ငံကို တနင်္လာနေ့က ထွက်ပြေးသွားခဲ့ပါတယ်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်က အိမ်စောင့်အစိုးရခေါင်းဆောင်အဖြစ် ကြာသပတေးနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
တိုင်းပြည်အနှံ့ဆူပူမှုတွေမှာ ပြည်သူ သုံးရာကျော်သေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပြီးနောက်မှာ ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာဟာ လက်ရှိမှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ခိုလှုံနေထိုင်လျက်ရှိပြီး ဗြိတိန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံဖို့ စီစဉ်နေတယ်လို့ အိန္ဒိယသတင်းတွေက ဖော်ပြပါတယ်။