ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ် ယာဉ်အန္တရာယ် အလွန်ကြီးမား
လွန်ခဲ့တဲ့ သုံးနှစ်ကမှ စတင်ဖောက်လုပ်ခဲ့တဲ့ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ်ဟာ မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှု အများဆုံးနဲ့ မော်တော်ယာဉ် တိမ်းမှောက်မှုတွေကြောင့် လူထိခိုက်သေဆုံးမှု အဆိုးဆုံး ဖြစ်တယ်လို့ ခရီးသွား ပြည်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
-
2011-01-05 -
-
-
Your browser doesn’t support HTML5 audio
လမ်းသစ်ဖွင့်လှစ်ပြီး ဒီအဝေးပြေးလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုတွေကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက် ဘယ်လောက် ရှိသွားပြီဆိုတာကို စစ်အစိုးရက မထုတ်ပြန်ပေမဲ့ ယာဉ်တိုက်မှုတွေက နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ရန်ကုန်-နေပြည်တော်လမ်းဟာ နောက်ဆုံးမှ ဖွင့်လှစ်ခဲ့တဲ့ လမ်းသစ်ဖြစ်ပေမဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော်က ဖွင့်လှစ်ခဲ့တဲ့ တခြား အဝေးပြေးလမ်းဟောင်းတွေထက် မတော်တဆမှုတွေ အဆိုးဝါးဆုံး ရောက်သွားတဲ့အဓိက အကြောင်းရင်းဟာ လမ်းဆောက်လုပ်ရေး ဒီဇိုင်းမှားယွင်းမှုနဲ့ နိုင်လွန်ကတ္တရာမခင်းပဲ ကွန်ကရစ်လမ်းအဖြစ် အသုံးပြုနေမှု၊ လမ်းအချိုးအကွေ့တွေမှာ အတိမ်းအစောင်းမရှိ ပြင်ညီဖြစ်နေမှု စတဲ့ အဝေးပြေးလမ်းမတွေမှာ ရှိရမဲ့ စံနှုန်းသတ်မှတ်ချက်နဲ့ မကိုက်ညီတာကြောင့်လို့ ကျွမ်းကျင်သူတွေ ထောက်ပြကြပါတယ်။
ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုကျော်ကျော်အောင်က လေ့လာ တင်ပြထားပါတယ်။
ယာဉ်အန္တရာယ်များသော နေပြည်တော် လမ်းသစ် |
|
အသံဖိုင်ယူရန် |