စစ်အစိုးရအပေါ် စုံစမ်းရေးကော်မရှင်ဖွဲ့ရေး အမေရိကန်ဝန်ကြီး ထောက်ခံ

မြန်မာစစ်အစိုးရရဲ့ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ဟီလာရီ ကလင်တန် က ထောက်ခံ ပြောကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ဟီလာရီ ကလင်တန်၊ ဇူလိုင် ၂၃ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသော ၁၇ ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ လုံခြုံရေး ညီလာခံ တက်ရောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ရက်သတ္တ နှစ်ပတ်ကြာ အာရှခရီးစဉ်အစ ဟာဝိုင်ယီကျွန်းမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ မစ္စက် ကလင်တန်က ထည့်သွင်း ပြောဆိုလိုက်တာပါ။

ကုလသမဂ္ဂမှာ မိတ်ဆွေ နိုင်ငံတွေနဲ့အတူ အသေအချာ တိုင်ပင်နှီးနှောပြီး နိုင်ငံတကာ စုံစမ်းရေးကော်မရှင်တရပ် ထူထောင်ဖို့ ဆောင်ရွက်ပြီးတော့ အမေရိကန်ပြည်ထောင်စုဟာ ပေးထားတဲ့ ကတိအတိုင်း မြန်မာပြည်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် တာဝန်ယူ ဆောင်ရွက်နေတယ်ဆိုတာ မီးမောင်းထိုး ပြချင်ပါတယ်လို့ သူက ပြောပါတယ်။ နိုဝင်ဘာလ ရွေးကောက်ပွဲဟာ အပြစ်အနာအဆာတွေနဲ့ ပြည့်နေတယ်လို့ မစ္စက် ကလင်တန်က ပြောပေမဲ့ မြန်မာပြည်နဲ့ ထိတွေ့ဆက်ဆံလိုတဲ့ ဆန္ဒရှိကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

နောက်တက်လာတဲ့ မြန်မာအစိုးရသစ်ဟာ အတိတ်က မူဝါဒဟောင်းတွေနဲ့ အဆက်ဖြတ်ရလိမ့်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားစေချင်တယ်လို့လည်း သူက ပြောသွားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org