သတ်ဖြတ်မြှုပ်နှံထားတဲ့ ဟိန္ဒူ အလောင်းတွေ တွေ့ရှိ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဟိန္ဒူဘာသာဝင်တွေကို သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက်မြှုပ်နှံ ထားတာ တွေ့ရှိခဲ့ရတယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီက မနေ့ကထုတ်ပြန်ခဲ့ပါတယ်။

မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက်မှာ မြှုပ်နှံထားတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ အလောင်းတွေကို စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ရှိစဉ် Photo: Information Committee's Facebook

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဟိန္ဒူဘာသာဝင်တွေကို သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက်မြှုပ်နှံထားတာ တွေ့ရှိ ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီက မနေ့ကထုတ်ပြန်ခဲ့ပါတယ်။

မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက် မြေကျင်းတခုမှာ လူသေအလောင်းတွေ မြှုပ်ထား တာကို စက်တင်ဘာလ ၂၄ ရက် တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ ခန့်ဟာ ရဲဘော်ကျ ကျေးရွာက ရွာသူ ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ ရွာရဲ့ အနောက်ဘက်မှာ တချို့ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

သတင်းအရ လုံခြုံရေးအရာရှိတွေ သွားရောုက်စစ်ဆေးရာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့နေရာကို တွေ့ရှိ လို့ တူးဖေါ်ရာမှာ ကျင်းနှစ်ကျင်းထဲက အမျိုးသားအလောင်း ၈ လောင်း၊ အမျိုးသမီးအလောင်း ၂၀ ၊ စုစုပေါင်း ၂၈ လောင်းတွေ့ရှိခဲ့ရပါတယ်။

အလောင်းတွေကို လိုအပ်သလို စစ်ဆေးပြီး၊ စုံစမ်းရှာဖွေမှုတွေ ဆက်လက်ဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက် မှာဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကလည်း မောင်တောမြို့ ၄ ရပ်ကွက်နေ ဟိန္ဒူ ဘာသာဝင် မိသားစု ၁၂ ဦး ကို အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ပစ်ခတ်ခဲ့လို့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး နဲ့ ကလေး ၃ ဦးတို့ သေဆုံးခဲ့ပြီး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org