ခန္တီးမှာ ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း

လွှတ်တော်ကိုယ်စားလှယ်တွေ၊ NLD ပါတီဝင်တွေပါဝင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ကြားကာလမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အောက်တိုဘာလ ၁၁ ရက်နေ့ရက်စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

( စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ကို မြင်တွေ့ရစဉ်။) Photo:Citizen Journalist

လွှတ်တော်ကိုယ်စားလှယ်တွေ၊ NLD ပါတီဝင်တွေပါဝင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အောက်တိုဘာလ ၁၁ ရက်နေ့ရက်စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ခန္တီးမြို့၊ ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဦးစွာနယ်မြေစိုးမိုးမှုရရှိအောင်ဆောင်ရွက်မှာဖြစ်ပြီး အဲ့ဒီနောက်မှာ လုပ်ငန်းရှင်တွေဆီက အခွန်ငွေကောက်ခံတဲ့လုပ်ငန်းတွေပါ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဒီအဖွဲ့မှာပါဝင်သူတစ်ဦးက RFA ကိုပြောပါတယ်။

“ စစ်ကိုင်းတိုင်းမှာဆိုရင် မြို့နယ်အားလုံးနီးပါးမှာ ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးပြီ။ အခု ခန္တီးမှာကတော့ ဒီအဖွဲ့မှာ ဘယ်သူတွေက ဘယ်တာဝန်တွေယူကြမယ်ဆိုတာကို တရားဝင်ထုတ်ပြန်တဲ့သဘော။ ခန္တီးတို့၊ ဟုမ္မလင်းတို့က နယ်မြေစိုးမိုးမှုမရသေးဘူးဆိုတော့ အဖွဲ့အနေနဲ့ နယ်မြေစိုးမိုးရေးကို ဦးစွာလုပ်ရမယ်။”

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို NUG က လုပ်ငန်းစဉ်နဲ့ မူဝါဒချပေးပြီး အဖွဲ့အနေနဲ့အဲဒီမူဝါဒအတိုင်း လက်တွေ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ခန္တီးမြို့ ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ လုံခြုံရေး၊ ကျန်းမာရေး၊ လူသာချင်းစာနာကူညီရေးနဲ့ ပြန်လည်နေရာချထားရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်၊ ဘဏ္ဍာရေး၊ ပညာရေး အစရှိတဲ့ လုပ်ငန်းအဖွဲ့ ၉ ဖွဲ့ပါဝင် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org