ဇေယျာသီရိမဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်လောင်း ဦးလှဌေးဝင်း မဲဆွယ်
နေပြည်တော် ဇေယျာသီရိမြို့နယ် မဲဆန္ဒ နယ်မြေကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဌေးဝင်းဟာ သူရဲ့မဲဆန္ဒနယ်မှာ တတိယမြောက်နေ့အဖြစ် မဲဆွယ်စည်းရုံး ခဲ့ပါတယ်။
-
2015-09-13 -
-
-
နေပြည်တော် ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မြေကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဌေးဝင်းဟာ သူရဲ့မဲဆန္ဒနယ်မှာ တတိယမြောက်နေ့အဖြစ် မဲဆွယ် စည်းရုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ဇေယျာသီရိမြို့နယ်မှာ စစ်ဘက်ဆရာဝန်တွေနဲ့ ဆေးကုပေးခဲ့တဲ့ အတွက် အချိန်မတိုင်ခင် မဲဆွယ်တယ်ဆိုပြီး အတိုင်ခံရခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးလှဌေးဝင်း က သူ့အနေနဲ့ တရားဝင် မဲဆွယ်တာတွေကို ဒီလ ၁၁ရက်နေ့ကစခဲ့တာပါလို့ ဒီကနေ့မှာ ထည့်သွင်းပြောပါတယ်။
"ကျနော်တို့ အခုပေးတာတော့ ၈ ရက်နေ့ကနေစပြီးတော့ မဲဆွယ်နိုင်တယ်လို့ ပြောတယ်ပေါ့၊ ၁၁ ရက်နေ့မှာစပြီးတော့ အလုပ်လုပ်ပါတယ်ခင်ဗျ၊ ဒီကြားထဲမှာ ကျနော်တို့ ပြင်ဆင်တဲ့ဟာလေးတွေ ကတိပေးတဲ့အတွက် အကုန်လုံးပြင်ဆင်ပြီးမှ ၁၁ ရက်နေ့မှာစပြီး ကျနော်တို့ မဲဆွယ်တဲ့လုပ်ငန်းစပါတယ်"
ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းဟာ ပြည်ခိုင်ဖြိုးပါတီကနေ လာမယ့်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ တပ်မတော်က အနားယူခဲ့သူဖြစ်ပါတယ်။