အရပ်သား ၂ ဦးကို ပစ်ခတ်တဲ့ ရဲကို အရေးယူထား
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်မှာ နှစ်ဆန်းတစ်ရက်နေ့ မနေ့က ညီအစ်ကိုနှစ်ယောက်ကို ရွှေပြည်အေးရဲတပ်ဖွဲ့ ဒုတပ်ကြပ်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် အဲဒီအရပ်သားနှစ်ဦး သေဆုံးခဲ့တဲ့အတွက် ရဲဒုတပ်ကြပ်ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့မှူးကပြောပါတယ်။
-
2018-04-18 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်မှာ နှစ်ဆန်းတစ်ရက်နေ့ မနေ့က ညီအစ်ကို နှစ်ယောက်ကို ရွှေပြည်အေးရဲတပ်ဖွဲ့ ဒုတပ်ကြပ်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အဲဒီအရပ်သားနှစ်ဦး သေဆုံးခဲ့တဲ့အတွက် ရဲဒုတပ်ကြပ်ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့မှူးကပြောပါတယ်။
မနေ့က ဖြစ်ခဲ့တဲ့အတွက် အရေးယူထားထားကြောင်း ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကိုကိုနိုင် က အခုလို ပြောပါတယ်။
"အဓိကကတော့ သူ့နာမည် ဒုတပ်ကြပ် ခိုင်ဇာထွန်း ပြောရမယ်ဆိုရင် ရပ်မိရပ်ဖတစ်ဦးက လှမ်းဖုန်းဆက် အကြောင်းကြားတယ်ပေါ့နော်။ ဒီမှာ မူးပြီးတော့ သောင်းကြမ်းနေလို့ လာထိန်းပေးပါဆိုပြီး ရဲကင်းမှူးကို၊ ရဲကင်းမှူးနဲ့ အဲကလေးက ထွက်ထိန်းကြတယ်။ ထွက်ထိန်းရင်းနဲ့ ပထမတစ်ကြိမ်တော့ ငြိမ်သွားတယ်။ ဒုတိယတစ်ကြိမ်မှာ စောနက ရပ်မိရပ်ဖရဲ့ သမီးလေးကို သေသွားတဲ့ အငယ်လေးက လှမ်းရိုက်လိုက်တယ်။ ဟိုကောင်မလေးကလည်း ပြန်ရိုက်တယ်။ ရဲကလည်း ထပ်ထိန်းတယ်။ ထပ်ထိန်းပြီးတော့ ပြီးသွားတဲ့အချိန်မှာ ဆိုင်ကယ်နဲ့ မောင်းထွက်သွားတဲ့အချိန်မှာ ရဲကိုဆဲပြီးတော့ ထွက်ပြေးတယ်။ ရဲကို တော်တော်ပြစ်ပြစ်ခတ်ခတ် ဆဲပြီးတော့ ထွက်ပြေးတယ်။ သတ္တိရှိရင် လိုက်ခဲ့ပေါ့နော်။ ပြောရမယ်ဆိုရင်တော့ လိုက်ထိန်းကြတာပေါ့။ လမ်းပြန်မိတဲ့ချိန်မှာ တစ်ခါ ထပ်ထွက်ပြေးတယ်။ အဲမှာမွေလိမ်မွေခေါက် မောင်းတဲ့အချိန်မှာ ဟိုကလေးက ပစ်ချလိုက်တယ်ပေါ့နော်။ ပစ်ချလိုက်ချိန်မှာ နောက်စေ့သွားမှန်ပြီးတော့ သေတာဘဲညီရေ။ ပြောရမယ်ဆိုရင် ဥပဒေဘောင်အတွင်းက လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီးတော့ လုပ်တဲ့အတွက် အစ်ကိုတို့က သူ့ကို ၃၀၂ နဲ့ အရေးယူထားတယ် လူသတ်မှုနဲ့ အရေးယူထားပါတယ်။ ရဲစည်းကမ်းဥပဒေအရလည်း အရေယူအုံးမှာ"
ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ ရဲဒုတပ်ကြပ် ခိုင်ဇာထွန်းကို ဒီကနေ့ ချုပ်ရက်ရမန်ယူပြီး ချုပ်ရက်စေ့တဲ့နေ့မှာ စတင် ရုံးထုတ် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
အဲဒီ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်၊ ကိုနေလင်းအောင်တို့ဟာ ဆာဖာကျေးရွာမှာ နေထိုင်ကြသူတွေဖြစ်ပြီး ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က အဲဒီနှစ်ဦးကို လိုက်လံဖမ်းဆီးချိန်မှာ ဆိုင်ကယ်နဲ့ ထွက်ပြေးတဲ့အတွက် သေနတ်နဲ့ နောက်ကနေ ပစ်လိုက်ချိန်မှာ ဆိုင်ကယ်နောက်ဘက်က ထိုင်စီးနေသူကို အရင်ထိမှန်ပြီး ရှေ့ဆိုင်ကယ်မောင်းသူကိုပါ ထိမှန်သေဆုံးသွားတာ ဖြစ်တယ်လို့ ပြောပါတယ်။