ပေါက်မြို့နယ် ပြည်တော်သာရွာ မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း ပေါက်မြို့နယ် ပြည်တော်သာရွာကို စစ်ကောင်စီတပ်တွေ ဇန်နဝါရီ ၈ ရက် ဒီမနက်ပိုင်းမှာ မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ် ပြည်တော်သာရွာ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

မကွေးတိုင်း ပေါက်မြို့နယ် ပြည်တော်သာရွာကို စစ်ကောင်စီတပ်တွေ ဇန်နဝါရီ ၈ ရက် ဒီမနက်ပိုင်းမှာ မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ မနေ့ညက ရွာထဲကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒီမနက်မှာ မီးရှို့ကာ ပြန်ထွက်သွားတာလို့ ပြောပါတယ်။

အိမ်ခြေ ၅၃ လုံးရှိတဲ့ ပြည်တော်သာရွာမှာ နေအိမ် ခြောက်လုံးသာ မီးမလောင်ဘဲ ကျန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီမနက် စစ်ကြောင်းထွက်သွားတော့ ရွာကိုဝင်ကြည့်တာ၊ နွားတင်းကုပ်၊ စပါးကျီကအစ အကုန်လောင်တာ၊ ဘာမှ မကျန်ခဲ့ဘူး။ မီးမလောင်ဘဲ ကျန်ခဲ့တာ ခြောက်လုံးတည်း၊ ဒေသခံတွေက ရွာကိုပြန်မဝင်သေးဘူး၊ အကုန်တောင်ယာတွေမှာပဲ ဆက်ရှောင်နေ ကြတယ်"

ပြည်တော်သာရွာက ဒေသခံ ၂၀၀ နီးပါးကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၃ ရက်ကလည်း ပြည်တော်သာရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၃၀ အရွယ် ဦးလှဝင်းကို သတ်ဖြတ်ခံတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးစိုးပိုင်မြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌကတော့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက ငြင်းဆိုခဲ့ဖူးပါတယ်။

ကျေးရွာမီးရှို့ခံရမှုဖြစ်စဉ်တွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ကတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ နိုင်ငံတစ်ဝန်းက နေအိမ် ၃၈,၃၈၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org