ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ကို ဂျာမနီ Oldenburg ရုပ်ရှင်ပွဲတော် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်

ဒီဂုဏ်ထူးဆောင်ဆုကို ၁၉၉၄ ကစပြီး ရုပ်ရှင်နယ်ပယ်က ထူးချွန်ပြောင်မြောက်တဲ့ အနုပညာရှင် အတတ်ပညာရှင်တွေကို နှစ်စဉ်ရွေးချယ်ချီးမြှင့်နေတာလည်း ဖြစ်ပါတယ်။

Artists’ Shelter တည်ထောင်သူ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့အား တွေ့ရစဉ်။ Facebook/ Artists’ Shelter

Artists’ Shelter တည်ထောင်သူ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ကို ဂျာမနီနိုင်ငံ Oldenburg International Film Festival Oldenburg နိုင်ငံတကာရုပ်ရှင်ပွဲတော်က ၂၀၂၄ အတွက် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။

အနုပညာကို ထူးထူးချွန်ချွန် ပြောင်ပြောင်မြောက်မြောက် ဖန်တီးတီထွင်ရုံမကဘဲ လူထုတော်လှန်ရေးမှာ ပြည်သူတစ်ရပ်လုံးနဲ့အတူ ထိပ်ဆုံးမှရပ်တည် တွန်းလှန်နိုင်ခဲ့တဲ့ အနုပညာရှင်တွေအဖြစ် ဂုဏ်ပြုချီးမြှင့်တာလို့ အနုပညာရှင်များ ခိုလှုံရာ Artists’ Shelter facebook လူမှုကွန်ရက်မှာ သြဂုတ် ၂၁ ရက်က ဖော်ပြပါတယ်။

ဒီဂုဏ်ထူးဆောင်ဆုကို ၁၉၉၄ ကစပြီး ရုပ်ရှင်နယ်ပယ်က ထူးချွန်ပြောင်မြောက်တဲ့ အနုပညာရှင် အတတ်ပညာရှင်တွေကို နှစ်စဉ်ရွေးချယ်ချီးမြှင့်နေတာလည်း ဖြစ်ပါတယ်။

ဒါရိုက်တာဏကြီး ရိုက်ကူးထားပြီး သရုပ်ဆောင်ပိုင်ဖြိုးသု ပါဝင်သရုပ်ဆောင်ထားတဲ့ “What happened to the wolf ”၊ "မီ" ၊ တော်လှန်ရေးအတွင်းမှာ ရိုက်ကူးပုံဖော်ထားတဲ့ “နိုင်ငံပျောက်သူ”၊ “မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်”၊ “Guilt” ဇာတ်လမ်းတိုကားတွေကိုလည်း Oldenburg ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရွေးချယ်ထားပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီး အကျဉ်းချတဲ့အတွက် ပြည်ပကို ထွက်ပြေးရသူတွေထဲ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။ ဒီပြည်ပရောက် အနုပညာရှင်တွေကို Artists’ Shelter က ထောက်ပံ့ဖို့ ရည်ရွယ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org