သိမ်းဆည်းလယ်ဧက တစ်သိန်းနီးပါး ပြန်ရရှိရေး ဘားအံမှာ သတင်းစာရှင်းလင်း

ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့ နဲ့ မြဝတီမြို့နယ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရ စစ်တပ်တွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက တစ်သိန်းနီးပါး ပြန် လည်ရရှိဖို့အတွက် ဒီနေ့ လယ်သိမ်းခံထားရတဲ့ လယ် သမားတွေ ဘားအံမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြ ပါတယ်။

ကရင်ပြည်နယ်မှာ စစ်တပ်၊ ဆည်မြောင်းဦးစီးဌာနနဲ့ ကုမ္ပဏီတွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၅၀၀၀ နီးပါးကို ပြန်ပေးဖို့အတွက် လယ်သမားတွေက သြဂုတ်လ ၂၅ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ် ဓါတ်ပုံ- ကရင်ပြည်နယ် ဘားအံမြို့တော်

ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့နဲ့ မြဝတီမြို့နယ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရ စစ်တပ်တွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက တစ်သိန်းနီးပါး ပြန်လည်ရရှိဖို့ အတွက် ဒီနေ့ လယ်သိမ်းခံထားရတဲ့ လယ်သမားတွေ ဘားအံမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ခဲ့တဲ့ ၈၈ ကရင်မျိုးဆက်ကျောင်းသားများအဖွဲ့ ဥက္ကဌ ဦးစောမောင်ကြီးက အခုလို ပြောပါတယ်။

"သတင်းစာရှင်းလင်းပွဲကို ၂၆ နှစ် အတွင်းမှာပေါ့၊ ပထမဦးဆုံးအကြိမ် ပြည်နယ်အဆင့်ပေါ့၊ လယ်သမားတွေက စုပေါင်းပြီးတော့ မိမိတို့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး သမ္မတတွေ ဆီကို ပေါက်ကြားအောင်လို့ သတင်းအမှန်သိအောင် လို့ ဖော်ပြတဲ့ပွဲပဲဖြစ်ပါတယ်"

လွန်ခဲ့တဲ့ ၁၉၈၆ လောက်ကစတင်ပြီး ကရင်ပြည်နယ် အတွင်းမှာရှိတဲ့ အစိုးရစစ်တပ်၊ ဆည်မြောင်းဦးစီးဌာန၊ ငြိမ်းချမ်းရေးယူထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ BGF၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင့်တပ်မတော် DKBA စတဲ့ ဌာနအသီးသီးက သိမ်းဆည်းထားတာဖြစ်တယ် လို့ ပြောပါတယ်။

သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေက လယ်ယာမြေ ပြန်လည်ရရှိဖို့အတွက် ပြီးခဲ့တဲ့လက ဘားအံမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာတွေလည်း ရှိပါတယ်။

ဒါ့အပြင် လယ်သမားတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဘားအံခရိုင် ကရင်အမျိုးသားအစည်းအရုံး KNU ကို သွားရောက်တင်ပြခဲ့တဲ့အခါ ဒီစက်တင်ဘာလအတွင်းမှာ နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တင်ပြပေးမယ်ဆိုပြီး လယ်သမားတွေဆီကနေ အထောက်အထားတွေကို တောင်းခံထားတာတွေ ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org