ဖားကန့်မြို့နယ် မြေစာပုံ ပြိုကျမှု ကျောက်ရှာသူ ၅၀ ခန့် ပျောက်ဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ရာကျေးရွာအနီးမှာ ကျောက်စိမ်းကုမ္ပဏီနှစ် ခုက စွန့်ပစ်ထားတဲ့ မြေစာပုံတွေ သောကြာနေ့က ပြိုကျခဲ့ တာကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၅၀ နီးပါး ပျောက် ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့် စွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက်ရှာသူများကို မြင်ရစဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ရာကျေးရွာ အနီးမှာ ကျောက်စိမ်း ကုမ္ပဏီနှစ်ခုက စွန့်ပစ်ထား တဲ့ မြေစာပုံတွေ သောကြာနေ့က ပြိုကျခဲ့တာကြောင့် ရေ မဆေးကျောက်ရှာဖွေသူ ၅၀ နီးပါး ပျောက်ဆုံးနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ပြိုကျတဲ့ မြေစာပုံက ပေ တစ်ထောင်လောက်အမြင့် ရှိတယ်လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

"ပြိုကျတာတော်တော်ကြီးတယ်ဗျ၊ ပေ ၁၀၀၀ လောက်ဆိုတော့ တော်တော်ကျယ်တယ် ၊ နောက်ထပ်လဲ အပ်ကြောင်းကြီးတွေ ထွက်ပေါ်လာတာ အများရှိနေပြီ၊ အိမ်ကိုပြန် မရောက်တဲ့သူ၊ တဲကိုပြန်မရောက်တဲ့သူ ၊ ပျောက်ဆုံးနေတယ်လို့ပဲ ပြောလို့ရတာပေါ့၊ ပြိုတဲ့အချိန်မှာ လူတော်တော်များတယ်၊ ကျောက်ထမ်းဖို့ လုပ်နေကြတဲ့အချိန်ဆိုတော့ "

အဲ့ဒီပြိုကျတဲ့ မြေစာပုံနှစ်ခုဟာ ရာဇဋ္ဌာနီနဲ့ အောင်ဟိန်းမင်းကုမ္ပဏီတို့က စွန့်ပစ်တဲ့မြေစာပုံတွေဖြစ်ပြီး ပျောက်ဆုံးနေ သူ အရေအတွက်နဲ့ပတ်သက်လို့  စီစစ်နေ ဆဲဖြစ်တယ်လို့ ဒေသအုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာပုံပြိုကျမှုတွေ မကြာခဏဖြစ်ပွားပြီး လူထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org